စပိန်နိုင်ငံ

July 10, 2021

စပိန်နိုင်ငံမှ လိင်တူမုန်းတီး လူသတ်မှုအတွက် ၆ ဦးကို ဖမ်းဆီး

စပိန်နိုင်ငံတဝန်း အစုလိုက်အပြုံလိုက်ဆန္ဒပြမှုဖြစ်စေခဲ့တဲ့ လိင်တူမုန်းတီးလူသတ်မှုမှာ ပါဝင်ပတ်သက် ဆက်နွှယ်နေတဲ့  အသက်မပြည့်သေးသူ ကလေး ၂ ယောက်ကို ဇူလိုင် ၉ ရက်က စပိန်ရဲတွေ ဖမ်းဆီးလိုက်ပြီး ဒါနဲ့ဆိုရင် အဖမ်းခံရသူ ၆ ယောက် ရှိသွားပြီဖြစ်ပါတယ်။ 

ဇူလိုင် ၃ ရက် စနေနေ့အစောပိုင်းက မြောက်ပိုင်းမြို့ အေကိုရူနာမြို့မှာ နိုက်ကလပ်တခုရဲ့ အပြင်ဘက်မှာ အသက် ၂၄ နှစ်အရွယ် သူနာပြုလက်ထောက် ဆမ်မြူရယ်လ်လူးဝဇ် ဝိုင်းဝန်းရိုက်နှက်ခဲ့လို့ သေဆုံးသွားရတဲ့ တိုက်ခိုက်မှုရဲ့ CCTV မှတ်တမ်းကို စပိန်နိုင်ငံရဲ့ El Diario သတင်းစာတိုက်က ဇူလိုင် ၉ ရက်မှာ အများပြည်သူသိ ထုတ်ဖော်ပြသလိုက်ပါတယ်။ 

သံသယရှိသူတွေထဲက ၄ ဦးဟာ သောကြာနေ့ အစောပိုင်းမှာ တရားသူကြီးရှေ့မှောက် ရောက်လာခဲ့ပြီး တရားရုံးစာရွက်စာတမ်းတွေအရ သူတို့ထဲက ၃ ဦးနဲ့ တရားစီရင်မှု မလုပ်ခင် လေယာဉ်နဲ့ ထွက်ပြေးဖို့ စီစဉ်ထားကပါ သက်သေအထောက်အထားတွေကို ဖျက်ဆီးဖို့ ကြိုးစားနိုင်တယ်လို့ ပြနေပါတယ်။ 

ဒါကြောင့် အဲ့ဒီ ၃ ဦးကို အာမခံ မပေးဘဲ ဖမ်းဆီးထိန်းသိမ်းထားဖို့ စပိန်တရားရုံးက သောကြာနေ့မှာ အမိန့်ချထားပါတယ်။ 

သံသယရှိသူတွေထဲက တယောက်ရဲ့ ရှေ့နေဖြစ်သူ ဟိုဆေးရာမွန်ဆီယာရာကတော့  သူ့ရဲ့အမှုသည်မှာ အပြစ်မရှိကြောင်းနဲ့ တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်မှာလည်း မရှင်းမလင်းဖြစ်နေဆဲ ဖြစ်ကြောင်း ပြောပါတယ်။ 

စပိန်ရုပ်မြင်သံကြားမှ တွေ့ဆုံမေးမြန်းခဲ့တဲ့ မျက်မြင်သက်သေတွေ ပြောပြတာမှာ တိုက်ခိုက်သူတွေဟာ ဆမ်မြူရယ်လ်လူးဝဇ် ရိုက်နှက်နေတဲ့ အတောအတွင်းမှာလည်း လိင်တူ နှစ်သက်သူတွေကို မုန်းတီးကြောင်း အသုံးအနှုန်းတွေလည်း အော်ဟစ်ခဲ့ကြသေးတယ်လို့ ဆိုပါတယ်။ 

ဒီသတ်ဖြတ်မှုကြောင့် စပိန်နိုင်ငံရဲ့ မက်ဒရစ်၊ ဘာစီလိုနာ စတဲ့ အဓိကမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပါတယ်။ 

2 weeks Ago

September 16, 2020

စပိန်နိုင်ငံ ဂါလီစီယာဒေသတွင် တောမီးလောင်

စပိန်နိုင်ငံမြောက်ပိုင်းက ဂါလီစီယာဒေသမှာ စက်တင်ဘာ ၁၅ ရက်ထိ တောမီးလောင်နေတာကို တွေ့ရတာပါ။ အိုရန်ဆေဒေသက နေရာ ၁၂ နေရာမှာ စက်တင်ဘာ ၁၄ ရက်ကစပြီး တောမီးလောင်နေလို့ တပြည်နယ်လုံး မီးခိုးတိမ်ဖုံးနေတာကိုလည်း တွေ့ရပါတယ်။ တောမီးငြှိမ်းသတ်ရာမှာ ကူညီဖို့ စပိန်စစ်တပ်က မီးသတ်သမား ၁၂၀ ကျော်နဲ့ မီးသတ်ကား ၄၂ စီးကို စေလွှတ်ထားပါတယ်။ သစ်တောမြေ ဟက်တာ ၆၇၀၀ ထက်မနည်း မီးလောင်ခဲ့ပြီးပြီလို့ အစိုးရမီဒီယာ TVE က အစီရင်ခံထားပါတယ်။
10 months Ago
More News
Up