စပိန်ဘုရင့်ဖလား

December 7, 2018

စပိန်ဘုရင့်ဖလားပွဲ ရီးရဲလ်မက်ဒရစ် ၆ - ၁ မီလီလာ (ရုပ်သံဟိုက်လိုက်)

စပိန်ဘုရင့်ဖလား စတုတ္ထအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် လာလီဂါထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ အသင်းငယ်လေး မီလီလာတို့ မနေ့ညကယှဉ်ပြိုင်ရာ ရီးရဲလ်မက်ဒရစ်က ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ယှဉ်ပြိုင်ခဲ့စဉ်က ရီးရဲလ်ကပဲ ၄ ဂိုးပြတ်နဲ့ အနိုင်ရထားတာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၁၀ ဂိုး ၁ ဂိုးနဲ့ ရီးရဲလ် နောက်တဆင့် တက်ရောက်သွားပါတယ်။ ပထမအကျော့မှာ ဂိုးပြတ်အနိုင်ရထားတဲ့ ရီးရဲလ်အသင်းက ဒီပွဲမှာ လူငယ်ကစားသမား အများအပြား အသုံးပြုသွားပါတယ်။ အိမ်ရှင် ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းငယ်လေး မီလီလာအပေါ် စိတ်ကြိုက် တိုက်စစ်ဆင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့်မှာပါ အသာရခဲ့ပါတယ်။ ရီးရဲလ်အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၃၃ နဲ့ ၃၅ မိနစ်မှာ အဆန်စီယို၊ ၃၉ မိနစ်မှာ ဆန်းချက်ဇ်၊ ၄၇ နဲ့ ၈၃ မိနစ်မှာ အစ္စကို၊ ၇၅ မိနစ်မှာ လူငယ်ကစားသမား Paixão de Oliveira Júnior တို့က သွင်းယူပေးခဲ့ပါတယ်။ မီလီလာအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၈၁ မိနစ်မှာ ပယ်နယ်တီကတဆင့် ကာဆမီက သွင်းယူပေးခဲ့ပါတယ်။
3 years Ago

February 9, 2018

ဗလင်စီယာကို အနိုင်ယူပြီး ဘာစီလိုနာ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

စပိန်ဘုရင့်ဖလား (ကိုပါဒယ်လ်ရေး) ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဗလင်စီယာနဲ့ ဘာစီလိုနာတို့ မနေ့ကယှဉ်ပြိုင်ရာ ဘာစီလိုနာက ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ဘာစီလိုနာကွင်းမှာ ယှဉ်ပြိုင်ခဲ့စဉ်ကလည်း အိမ်ရှင်အသင်းက တဂိုး ဂိုးမရှိနဲ့ အနိုင်ရထားလို့ နှစ်ကျော့ပေါင်း သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတာပါ။ ဘာစီလိုနာဟာ ဒီပွဲမှာ မက်ဆီ၊ ဆွာရက်ဇ် တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့ပြီး အသစ်ခေါ်ယူထားတဲ့ ကော်တင်ဟိုကိုတော့ အရန်ခုံမှာထားပြီး ဒုတိယပိုင်းမှ လူစားလဲ အသုံးပြုခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်း အပြန်အလှန် ထိုးဖောက် ကစားခဲ့ပြီး ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီရဲ့ ကန်သွင်းချက်တချို့ ဗလင်စီယာ ဂိုးသမား ကာကွယ်နိုင်ခဲ့သလို ဗလင်စီယာရဲ့ အပိုင် ခေါင်းတိုက်ချက် ဂိုးတိုင်ထိ ထွက်သွားခဲ့လို့လည်း နစ်နာခဲ့ရပါတယ်။ ဘာစီလိုနာဟာ သူတို့ရဲ့ ကစားဟန်အတိုင်း ဘောလုံးပိုင်ဆိုင်မှု ၆၆ ရာခိုင်နှုန်းအထိ အသာစီးယူ ကစားနိုင်ခဲ့ပေမယ့် နှစ်သင်း ထိုးဖောက် ကန်သွင်းခွင့်တွေမှာတော့ မတိမ်းမယိမ်းပဲ ရှိခဲ့ပါတယ်။ ဘာစီလိုနာအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးကို ဒုတိယပိုင်းမှာ သွင်းယူခဲ့တာဖြစ်ပြီး လူစားဝင် ကစားသမား ကော်တင်ဟိုက ၄၉ မိနစ်မှာ တဂိုးနဲ့ ၈၂ မိနစ်မှာ ကွင်းလယ်ကစားသမား ရာကီတစ်က တဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ရပြီး ဗိုလ်လုပွဲတက်သွားတဲ့ ဘာစီလိုနာဟာ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ဆီဗီလာနဲ့ လာမယ့် ဧပြီလ ၂၁ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
3 years Ago
More News
Up