စပါးအသင်း

January 26, 2021

စပါးအသင်းက ဝိုင်ကွမ်ဘီကို (၄-၁) ဂိုးဖြင့်နိုင်၊ ဂါရတ်ဘေးလ်၏ ခြေစွမ်းကို မော်ရင်ဟို ချီးကျူး

ဝိုင်ကွမ်ဘီအသင်းကို  ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ တစ်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဂါရတ်ဘေးလ်ကို စပါးနည်းပြမော်ရင်ဟိုက ချီးကျူးလိုက် ပါတယ်။

မနေ့ညက ကန်သွားတဲ့ပွဲမှာ ဘေးလ်က စပါးအသင်းအတွက် အဖိုးတန် ချေပဂိုးတစ်ဂိုးကို ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုမှာ သွင်းယူပေးခဲ့ပါတယ်။ ဘေးလ်ရဲ့ဂိုး မတိုင်ခင်အထိ ဝိုင်ကွန်ဘီအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားခဲ့တာဖြစ်ပြီး ဒီဂိုးက စပါးအသင်းအတွက် အက်ဖ်အေဖလားမှာ နောက်တဆင့် တက်နိုင်ဖို့ များစွာအထောက်အကူ ဖြစ်စေခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာတော့ စပါးအသင်းအတွက်အနိုင်ဂိုးတွေကို  ဟယ်ရီဝင့်နဲ့ အန်ဒွမ်ဘီလီတို့က ပွဲပြီးခါနီး နောက်ဆုံး ၄ မိနစ်အတွင်း ၃ ဂိုး ဆက်တိုက်သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဝိုင်ကွမ်ဘီနဲ့ပွဲက သွင်းဂိုးဟာ ဘေးလ်အတွက် ဒီရာသီ ၃ ဂိုးမြောက် သွင်းဂိုးဖြစ်ပြီး ၁၂ ပွဲ ကစားပြီးချိန်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ဘေးလ်ဟာ ရီးရဲလ်အသင်းကနေ အငှားလာရောက်ကစားနေတာဖြစ်ပြီး ဒီရာသီမှာ မော်ရင်ဟို အသင်းအတွက် ပွဲထွက်ခွင့်များများစားစား မရသေးဘဲ ပရီးမီးယားလိဂ် ၄ ပွဲသာ ကစားပေးထားပါတယ်။ 

ပွဲအပြီးမှာ မော်ရင်ဟိုက ဘေးလ်အနေနဲ့ ဒီထက်ပိုတဲ့ ပွဲကစားခွင့်ရသင့်ကြောင်း ပြောပြီး တောင်ပံကစားသမားကိုလည်း ဒီထက်ပိုလုပ်ပြဖို့ တွန်းအားပေးသွားခဲ့ပါတယ်။

တနင်္လာနေ့ပွဲရဲ့ စွမ်းဆောင်ရည်ကြောင့်လည်း မော်ရင်ဟိုက ဘေးလ်ဟာ စပါးအသင်းအတွက် နိုင်ပွဲမှာ ဘယ်လောက် အရေးပါခဲ့ကြောင်းကို ထောက်ပြပြောပါတယ်။

ဘေးလ်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သတ်လို့ မော်ရင်ဟိုက “ဒါ တကယ်ကို ကောင်းပါတယ်။ ကောင်းမွန်တဲ့ အခိုက်အတန့်တွေရှိခဲ့ပြီး ပြိုင်ဘက်တွေကို ကျော်ဖြတ်ကာ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့သလို သွင်းဂိုး ၁ ဂိုးလည်း ရရှိခဲ့ပါတယ်။ ဒီအချက်တွေအပြင် သူ မိနစ် ၉၀ ပြည့် မကစားနိုင်ဘူးလို့ ကျနော် ဘယ်တော့မှမတွေးခဲ့ပါဘူး။ သူ့ကို လူစားလဲသင့်နေပြီလို့ ကျနော့်စိတ်ထဲ မတွေးခဲ့မိသလို ဒါဟာ ကောင်းပါတယ်။ ပြိုင်ဘက်ရဲ့ ကစားပုံက အရမ်းကောင်းတာကြောင့် ဒီရလဒ်အတွက် ပျော်ရွှင်မိပါတယ်။ ကျနော်တို့ရဲ့ ပွဲထွက်ကစားသမားတွေဆီက စွမ်းဆောင်ရည်ကောင်းတွေကို မြင်တွေ့ခဲ့ရပြီး သေချာတာကတော့ ဝင့်ခ်ဟာ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားပါ” လို့ပြောပါတယ်။

စပါးအသင်းဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရှိနေပြီး ကြာသပတေးနေ့မှာ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

4 months Ago

January 22, 2021

လင်ဂတ်ကို  ခေါ်ယူလိုသည့်အသင်းများတွင် စပါးအသင်းပါဝင်လာ

မန်ယူကွင်းလယ်တိုက်စစ်ကစားသမား ဂျက်စီလင်ဂတ်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ စပါး အသင်းလည်း ပါဝင်လာပါတယ်။  ဒီနှစ်ရာသီမှာ စုစုပေါင်း ၃ ပွဲသာ ကစားခွင့်ရသေးတဲ့ လင်ဂတ်ဟာ အခုအပြောင်းအရွှေ့မှာ အငှားစာချုပ်တစ်ခုနဲ့ ပြောင်းရွှေ့ကစားဖို့ ရှိနေတာပါ။  ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်၊ ဝက်စ်ဟမ်းအသင်းတွေက ခေါ်ယူ လိုသလို နည်းပြမော်ရင်ဟိုရဲ့ စပါးအသင်းကလည်း လင်ဂတ်ကို ခေါ်ယူလိုနေတယ်လို့ သတင်းထွက်ပေါ်လာတာပါ။  လင်ဂတ်ဟာ နည်းပြမော်ရင်ဟို လက်ထက်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဆုဖလားတွေ ရယူနိုင်ခဲ့သလို တစ်ရာသီအတွင်း ၁၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာပါ။ လင်ဂတ်ကို စာချုပ်ပါအတိုင်း ယူနိုက်တက်ကတစ်နှစ်သက်တမ်းတိုးထားပြီး ပြောင်းရွှေ့ ကြေးပမာဏပေးချေမှ ထွက်ခွာခွင့်ပေးမှာ ဖြစ်ပါတယ်။  လင်ဂတ်အနေနဲ့ ဝက်စ်ဟမ်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ရင်လည်း အသင်းဟောင်းနည်းပြ ဒေးဗစ်မိုယက်စ်နဲ့ ပြန်လည်တွေ့ဆုံရမှာဖြစ်ပါတယ်။ 
4 months Ago
More News
Up