စန္ဒီမြင့်လွင်

December 10, 2020

အလန်းစားရက်ပ်စာသားများပါဝင်သည့် စန္ဒီမြင့်လွင်သီချင်းသစ်-“ကောင်ကလေး” (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

“ကောင်ကလေး… မင်းအကြည့်များက လာစိုးမိုး… နေ့ရောညပါ အမျိုးမျိုးနဲ့…  ချစ်ရောဂါဟာတိုးလို့… Oh No… တခြားသူ ဦးသွားမှာစိုးလို့… အသက်ကြီးပေမယ့် မ ပျက်စီးသေးတဲ့… ဟော့ဒီ မမဟာ SOLO… ကြွေနေပါပြီကွာ… ဟိတ်…  ဟိတ်… ကောင်ကလေး… ရင်ခွင်မှာ တိတ်တခိုးလေးပေါ့… ဟေ့… ရင်ခုန်သံတွေကို ထိန်းချုပ် ထား၍… ယဉ်ယဉ်လေး ရူးနေတာ… ဟာကွာ… အသက်အရွယ်တွေ ဘယ်လိုပင် ကွာ ပါစေ… နှလုံးသားရေးမှာတော့ အပိုတွေပါ… ဟေ့… စိတ်ကူးနဲ့ရူးနေပြီ… ကိုယ်ဒီမှာလေ ဆယ်ကျော်သက် ချစ်သူရေ” ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာခဲ့တဲ့ “ကောင်ကလေး” အမည်ရတဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့ တာ ဖြစ်ပါတယ်။ ဒီသီချင်းကိုတော့ တေးရေး မိုးထက်က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး စန္ဒီမြင့်လွင် က သီဆိုပေးထားခဲ့တာဖြစ်ကာ အလန်းစားရက်ပ်စာသားတွေနဲ့ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ကတော့ ထူးခြားတဲ့ ရက်ပ်တေးသွားတွေနဲ့ ပရိသတ်တွေကို ဖမ်းစား နိုင်ခဲ့တဲ့ ဟစ်ဟော့ပ် အဆိုတော်တယောက်အဖြစ် ပရိသတ်တွေ သိထားခဲ့ကြပြီး ပထမ ဆုံးတကိုယ်တော်တေးအယ်လ်ဘမ်ဖြစ်တဲ့ “ဆေးရောင်လှလှခြယ်ရအောင်” တကိုယ်တော် တေးအဘ်လ်ဘမ်နဲ့ ပရိသတ်လက်ခံအားပေးမှုတွေ ရရှိခဲ့ပြီး နောက်ပိုင်းမှာတော့ “Queen” ၊ “ကလီယိုပါထရာ” ၊ “Papi” ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိ ထားခဲ့ပါတယ်။ “အနားနားရှိတဲ့အခိုက်”၊ “အာဖျံကွီး”၊ “ချစ်နေတုန်းပဲ”၊ “အသည်းနာ”စတဲ့ သီချင်း တွေဟာ သူ့ရဲ့ ထင်ရှားတဲ့ သီချင်းတွေဖြစ်ပြီး “ပျော်ပါစေ”အမည်ရတဲ့ သီချင်းကို Unplugged Version နဲ့ ထွက်ရှိထားခဲ့သလို သိပ်မကြာခင်ကလည်း အဆိုတော် အောင်လနဲ့ ထူးထူးခြားခြားစုံတွဲ သီဆိုထားခဲ့ကြတဲ့ “ချိန်ခွင်”အမည်ရတဲ့ သီချင်းတပုဒ်လည်း ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။ “ကိုယ်လေ စိတ်ကူးများနဲ့… မင်းအပေါ် အချစ်များ… ရည်စူးထားခဲ့ တဖက်သတ် ပေါ့… တဖက်သတ်ပေါ့… (ကောင်ကလေး .. ရေ) x 3… ကြင်ဖော်ကြင်ဖက် ဖြစ်ချင်ပြီ… (ကောင်ကလေး .. ရေ) x 3… Oh No .. ပါရမီဖြည့်ဖက်ဖြစ်ချင်မိ… (ကောင်ကလေး) x 3 … ကောင်လေးနော်… (ကောင်ကလေး) x 3… နှလုံးသားကို ပိုင်စိုး… ညို့အားပြင်းတယ် အမိုက်ဆုံး… ဘယ်လိုမှ မတင်းတိမ်နိုင်လို့… တို့ကမင်းအတွက် အမှိုက်မဟုတ်… အရူး အမူးကွာ ငါ့မှာ အခုမှဖူးစာကစ… I'm Suga Mama… မင်းပူဆာသမျှရမှာ ကောင်လေး … စဉ်းစားပါ နောင်ရေး… တွေးတောကာ နှောင့်နှေးနေရင်… တောင်ဝှေး လိုတော့မှာ… မြင်ယောင်သေးတဲ့ မမဘက် တချက်လောက်တွေး… ကြီးမှ ဝက်သက်ပေါက်တယ်… ပြောကြပါစေတော့… အဓိက မင်းရဲ့အချစ်ကိုရဖို့အတွက်… ရင်မောရ ပေမပေါ့” ခုထွက်ရှိလာတဲ့ “ကောင်ကလေး”သီချင်းထဲမှာတော့ စန္ဒီမြင့်လွင်ရဲ့ ဟန်အတိုင်း ခပ်မိုက်မိုက် သီဆိုမှုနဲ့အတူ ပရိသတ်တွေက Joox အက်ပလီကေးရှင်းပေါ်ကတဆင့် ခံ စားနားဆင်ကြရမှာ ဖြစ်ပါတယ်။
5 months Ago

July 17, 2020

စန္ဒီမြင့်လွင်နှင့် အောင်လတို့ စုံတွဲသီဆိုထားသည့် “ချိန်ခွင်”သီချင်းသစ် ထွက်ရှိ

“ဟေး မလိုချင်ရင် ပစ်ထားခဲ့ရတယ်… ဘာအတွက် ဟန်ဆောင် နေဦးမလဲ… ငါ ဆိုတာ မင်းအတွက်… ခဏတဖြုတ် ပျော်တော်ဆက်… အဆိပ်ပင်တွေ ကိုယ်တိုင် စိုက် ပျိုးပြီး… အခုအချိန်လေး တကြိမ်သေဖို့ထက်မက… နင်စိုက်သွင်းတဲ့ဓါး မသေမရှင်… ကျန်ခဲ့ရတော့မယ့် ဒီလူသား” ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာခဲ့တဲ့ “ချိန်ခွင်”အမည်ရတဲ့ သီချင်းတ ပုဒ်ထဲက တေးသွားစာသားတွေဖြစ်ပြီး အွန်လိုင်းပရိသတ်တွေကြား ရေပန်းစားနေခဲ့ပါ တယ်။ ဒီသီချင်းကိုတော့ အောင်လနဲ့ ရက်ပ်စတား စန္ဒီမြင့်လွင်တို့က ထူးထူးခြားခြားစုံတွဲ သီဆိုထားခဲ့ကြတာဖြစ်ပြီး တေးရေး မိုးထက်(B+)နဲ့ အောင်လတို့က ရေးဖွဲ့ပေးထားတာ ဖြစ်ပါတယ်။ “မရင့်ကျက်ခဲ့တဲ့အတွေ့အကြုံများနဲ့… ရရှိလိုက်တဲ့အရာတခုကို… အသည်းခွဲခြင်း ဟု ခေါ်ဝေါ်မှတ်သား… မျက်နှာဖုံးအောက်ကအမှန်တရား… အထာတွေ ချန်မထား နှမ်းတွေ ဖြူးထားသော… အပေါ်ယံများ… စုတ်ပြတ်သက်တဲ့စိတ်ဓာတ်များလိုတာမရ… ရတာမလိုဖြစ်လို့… မင်းမှာလည်းနော်အတော်ခက်သား… လျှော့တွက်ထားခဲ့တော့ ပြတ်သား… စိုင်းစိုင်းသီချင်းထဲကလို… ငါက ပျော်တော်ဆက်လား” စန္ဒီမြင့်လွင်ဟာ ထူးခြားတဲ့ ရက်ပ်တေးသွားတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ အဆိုတော်တယောက်အဖြစ် တကိုယ်တော် တေးအဘ်လ်ဘမ်တွေမှာရော၊ အတွဲတေး အယ်လ်ဘမ်တွေမှာပါ အောင်မြင်တဲ့ သီချင်းပေါင်းများစွာကို သီဆိုခဲ့သူ ဖြစ်ပါတယ်။ အနားနားရှိတဲ့အခိုက်၊ အာဖျံကွီး၊ ချစ်နေတုန်းပဲ၊ အသည်းနာစတဲ့ သီချင်းတွေဟာ သူ့ရဲ့ ထင်ရှားတဲ့ သီချင်းတွေဖြစ်သလို သိပ်မကြာခင်ကလည်း ပျော်ပါစေအမည်ရတဲ့ သီချင်းကို Unplugged Version နဲ့ ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။ Nc 13 အဖွဲ့နဲ့ စတင်အောင်မြင်လာခဲ့တဲ့ အောင်လကတော့ နောက်ပိုင်းမှာ Reason အမည်နဲ့ တေးဂီတအဖွဲ့ ဖွဲ့စည်းခဲ့ပြီး မာတိကာ၊ ပင်လယ်ထဲကမြစ်များစတဲ့ တ ကိုယ်တော် တေးအယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပြီး အောင်မြင်တဲ့ အဖွဲ့တဖွဲ့အနေနဲ့ ရပ် တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တောင်းပန်တယ်၊ အပြစ်နဲ့အမုန်း၊ အကြောင်းပြချက်မရှိ၊ ကွက်လပ်စတဲ့ သီချင်း တွေကတော့ ပရိသတ်တွေ ပါးစပ်ဖျားရေပန်းစားတဲ့ သီချင်းတွေဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့လက တော့ တောင့်တအမည်နဲ့ သူ့ရဲ့ ဆင်ဂယ်လ်သီချင်းတပုဒ် ထွက်ရှိထားခဲ့တာ ဖြစ်ပါတယ်။ “ငါမသိတဲ့ အမုန်းဆိုတဲ့ တရား… သင်ပေးတယ် ဒဏ်ရာများက ခါးတယ်… ရင် ဘတ်ထဲမှာ သွေးစက်လက်နဲ့… ငါမသိတဲ့ အမုန်းဆိုတဲ့ တရား… သင်ပေးတယ် ဒဏ်ရာ များ ခါးတယ်… ရင်ခုန်သံ သင်္ချာလို ချိန်ခွင်ပေါ်ထား… အလေးများတဲ့ ဘက်ကိုသာ… မင်းရွေးချယ်ပါ… ရင်ခုန်သံ သင်္ချာလို ချိန်ခွင်ပေါ်ထား… အလေးများတဲ့ ဘက်ကိုသာ… မင်းရွေးချယ်ပါ” လတ်တလောမှာတော့ သူတို့ ၂ ယောက် အတူသီဆိုထားခဲ့ကြတဲ့ ဒီသီချင်းကို Joox အပလီကေးရှင်းပေါ်မှတဆင့် ဝင်ရောက်နားဆင်နိုင်မှာ ဖြစ်ပါတယ်။ https://www.joox.com/mm/album/UsueqshD7oVad3BV288bkg==
10 months Ago
Up