စည်းမျဉ်းစည်းကမ်း

June 9, 2020

ကိုဗစ်-၁၉ တိုက်ဖျက်ရန် ထိုင်းနိုင်ငံသားများ စည်းမျဉ်းစည်းကမ်းလိုက်နာမှ ရမည်ဟုဆို

ကိုဗစ်-၁၉ ကို တိုက်ဖျက်နိုင်ဖို့ဆိုရင် ထိုင်းနိုင်ငံသား ၁၀ ယောက်မှာ ၉ ယောက်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှရမယ်လို့ ပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ ဒေါက်တာ ရမ်ဂရုအန် ကစ်ဖတ်ထိက ထိုင်းနိုင်ငံကို အရင်အတိုင်း ပြန်ဖြစ်ဖို့ ရောဂါကို ထိန်းချုပ်နိုင်ဖို့ ကိုဗစ်- ၁၉ တိုက်ဖျက်ရေးမှာ မဖြစ်မနေ လုပ်ဆောင်ရမယ့် အရာ ၃ ခုကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှတဆင့် အကြံပေးထားခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနဲ့ ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျလာနေချိန်မှာ အစိုးရအနေနဲ့ လော့ဒေါင်းဖြေလျှော့မှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး မကြာခင်မှာ စတုတ္ထအဆင့်အနေနဲ့ ကြေညာသွားဖွယ် ရှိနေတာပါ။ ဒေါက်တာ ရမ်ဂရုအန်ကတော့ ပုံမှန်အခြေအနေအတိုင်း ပြန်ဖြစ်လာဖို့ဆိုရင် ရော ဂါကူးစက်ပျံ့ပွားမှုနှုန်းကို တတ်နိုင်သမျှ အနည်းဆုံးအနေအထားနဲ့ လျှော့ချဖို့ လိုအပ်တယ်လို့ ပထမအချက်အနေနဲ့ ရှင်းပြပါတယ်။ “ဥပမာအားဖြင့် လူတစ်သန်းမှာ ရောဂါကူးစက်ပြီ ဆိုပါစို့၊ အခြေအနေအရ ဒီအရေအတွက်က ကျန်းမာရေးဝန်ထမ်းတွေကို လွှမ်းခြုံသွားပြီး လူတစ်သန်းထိ သေဆုံးနိုင်ပါလိမ့်မယ်” ဒုတိယတချက်အနေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ်တွေကို ရှာဖွေစစ်ဆေးသွားဖို့ဖြစ်ပြီး နောက်ဆုံးတချက်ကတော့ အားလုံး ပါဝင်ကြဖို့ လိုအပ်တယ်လို့ ပြောထားတာပါ။
11 months Ago

February 19, 2020

မန်စီးတီးအသင်းတွင် ဆက်ရှိသွားမည်ဟု ဂွါဒီယိုလာ ကတိပေး 

ချန်ပီယံလိဂ်ဝင်ပြိုင်ခွင့် ပိတ်ပင်ခံရပေမယ့် အသင်းမှာဆက်ရှိနေမှာဖြစ်ပြီး လိဂ်တူးကို ဆင်းပြီး နည်းပြဖို့အထိ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ဂွါဒီယိုလာက အသင်းကစားသမားတွေကို ကတိပြုလိုက်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မှုအတွက် မန်စီးတီးအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် နှစ်နှစ် ပိတ်ပင်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်မှာ UEFA က ထုတ်ပြန်ကြေညာပါတယ်။ ဒါ့အပြင် လက်ရှိပရီးမီးယားလိဂ်ချန်ပီယံဟာ ဒဏ်ငွေ ပေါင် ၂၅ သန်းပါ ချမှတ်ခံခဲ့ရပြီး ဒီပြစ်ဒဏ်အပေါ် အယူခံဝင်သွားမယ်လို့ အသင်းဘက်က တုံ့ပြန်ထားပါတယ်။  ပိတ်ပင်ခံရမှုကြောင့် နည်းပြ ဂွါဒီယိုလာအပါအဝင် အသင်းရဲ့ ထိပ်တန်းကစားသမားတွေရဲ့ အနာဂတ်နဲ့ပတ်သတ်တဲ့ ယူဆချက်တွေလည်း တဆက်တည်း ပေါ်ထွက်လာပါတယ်။  အသင်းကစားသမားတွေနဲ့ တွေ့ဆုံပွဲတခုမှာ ဂွါဒီယိုလာက ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် မန်စီးတီးအသင်းမှာ ဆက်ရှိသွားမယ်လို့ အတည်ပြုလိုက်တယ်လို့ Sky Sports သတင်းမှာ ဖော်ပြပါတယ်။  “ဘယ်လိဂ်ကိုပဲရောက်ရောက် ကျနော် ဒီအသင်းမှာ ဆက်ရှိနေပါမယ်။ တကယ်လို့ အသင်းက လိဂ်တူးကို ဆင်းကန်ရမယ် ဆိုရင်တောင် ကျနော် ဒီမှာပဲ ဆက်ရှိနေပါမယ်။ ဒီအချိန်ဟာ အားလုံး စည်းလုံးရမယ့် အချိန်ပါပဲ” လို့ ဂွါဒီယိုလာက ပြောပါတယ်။ ဂွါဒီယိုလာနည်းတူ အသင်းစီအီးအိုဖြစ်သူ ဖာရန်ဆိုရီယာနိုကလည်း “ငါ မင်းတို့ကို ယုံကြည်သလို ငါ့ကို ယုံကြည်စမ်းပါ။ ဒီကိစ္စကလည်း အဆင်ပြေသွားမှာပါ” လို့ ကစားသမားတွေကို အားပေးနှစ်သိမ့်ပါတယ်။ မန်စီးတီးအသင်း ချမှတ်ခံခဲ့ရတဲ့ ပြစ်ဒဏ်ကြောင့် ပြိုင်ဘက် ဥရောပအသင်းကြီး တချို့ဟာ ဂွါဒီယိုလာကို စောင့်ကြည့်လာကြပြီး အသင်းရဲ့ အဓိကကစားသမားတချို့ကိုလည်း အသင်းကြီးတချို့က ချိတ်ဆက်နေတယ်လို့ သတင်းများစွာ ထွက်ပေါ်လာပါတယ်။  ဂွါဒီယိုလာနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၀-၂၁ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး စပိန်သား နည်းပြကြီးဟာ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ အသင်းမှာ ဆက်ရှိသွားမယ့် အလားအလာ ရှိနေပါတယ်။  ပရီးမီးယားလိဂ် ကစားသမားဟောင်းတဦးဖြစ်တဲ့ ကလင်တန်မောရစ်ဆင်က အခု ပြစ်ဒဏ်ကြောင့် ဂွါဒီယိုလာဟာ မန်စီးတီးအသင်းကို စွန့်ခွာသွားနိုင်တယ်လို့ သုံးသပ်ပါတယ်။  “သူ ထွက်သွားဖြစ်တယ်ဆိုရင် ဒါဟာ ကောင်းတဲ့ပုံစံမျိုးတော့ မဟုတ်ပါဘူး။ သူတို့မှာ ဒီတရာသီ အခွင့်အရေး ရှိနေဆဲဖြစ်ပြီးတော့ အသင်းဟာ လက်ရှိအချိန်အထိ ချန်ပီယံလိဂ်မှာ ဗိုလ်ဆွဲဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်နေပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းသာ နောက် နှစ်ရာသီဆက် ချန်ပီယံလိဂ် ကစားခွင့်မရှိတော့ဘူးဆိုရင် ကျနော် သူ့ကို အသင်းမှာ ဆက်ရှိနေမယ်လို့ မထင်မိပါဘူး။ သူဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီယားလိဂ်ဖလားတွေ ဆွတ်ခူးခဲ့ဖူးပြီပါပြီ။ ဒါပေမဲ့ ဒီအရာတွေက သူ့အတွက် မလုံလောက်ပါဘူး။ မန်စီးတီးအသင်းဟာ ဓနအင်အား တောင့်တင်းတဲ့ အသင်းကြီးတသင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းအနေနဲ့ ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုး ဝင်ပြိုင်ခွင့်မရှိဘူးဆိုရင်တော့ ကစားသမားကောင်းတွေကို ဆွဲဆောင်ထားဖို့ မဖြစ်နိုင်ပါဘူး”လို့ ကလင်တန်မောရစ်ဆင်က သုံးသပ် ပြောဆိုသွားပါတယ်။
1 year Ago
Up