စစ်​ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

October 21, 2021

ယင်းမာပင်မြို့နယ်တွင် စစ်​ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၅ ဦးထက်မနည်း ​သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်​ဘွေးအုပ်စု လက်ပန်​ကျေးရွာအနီးမှာ ​အောက်တိုဘာ ၂၁ ရက် ဒီနေ့ ည​နေပိုင်းက စစ်​ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာဟာ ည​နေ ၄ နာရီ​ကျော်​လောက်ကဖြစ်ပြီး မိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခံရတာဖြစ်ကာ စစ်​ကောင်စီတပ်သား ၅ ဦးထက်မနည်း ​သေဆုံးသွားတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ခံရအပြီး စစ်​ကောင်စီတပ်​တွေဟာ ​သေနတ်တွေ ပစ်​ဖောက်ခဲ့ကြပြီး ​လက်ပန်​ကျေးရွာအတွင်းသို့ဝင်​ရောက်ကာ ​လူနေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီး​ပစ်လိုက်ကြသလို ပြည်သူ ၇ ဦးကိုလည်း လူသားဒိုင်းအဖြစ်​ခေါ်​ဆောင်သွားကာ နောက်ပိုင်းမှာတော့ ပြန်လွှတ်​ပေးလိုက်တယ်လို့ ဒေသခံ​​တွေက ​ပြောပါတယ်။

စစ်​ကားတန်းဟာ မုံရွာဘက်က​နေ မုံရွာ-ယာကြီး-က​လေးဝ လမ်းပိုင်းဘက်ကို အင်အား ၈၀ ခန့်နဲ့ စစ်​ကြောင်း ၃ ​ကြောင်းခွဲလာတာ ဖြစ်ပါတယ်။

မိုင်း​ဖောက်ခွဲခံရတဲ့ကားတန်းဟာ စစ်ကား ၃ စီးဖြစ်ပြီး သံချပ်ကာ ၁ စီးနဲ့ စစ်​ကောင်စီ တပ်သားတွေ တင်​ဆောင်လာတဲ့ Truck ကား ၂ စီးတို့ဖြစ်တယ်လို့သိရပြီး မိုင်းဆွဲတိုက်ခိုက်မှုကို ​ယင်းမာပင် PDF အဖွဲ့ကလုပ်​ဆောင်တာလို့ သိရပါတယ်။

3 months Ago
Up