စစ်သွေးကြွ ၄

May 7, 2020

အိန္ဒိယတပ်ဖွဲ့ စစ်ဆင်ရေးအတွင်း သူပုန်ခေါင်းဆောင်အပါအဝင် စစ်သွေးကြွ ၄ ဦး သေဆုံး

အိန္ဒိယအစိုးရ အုပ်ချုပ်တဲ့  ကတ်ရှ်မီးယားဒေသမှာ မေလ ၆ ရက်က  အစိုးရတပ်ဖွဲ့တွေနဲ့ စစ်သွေးကြွတွေ တိုက်ပွဲဖြစ်ခဲ့ပြီး သူပုန်ခေါင်းဆောင် အပါအဝင် စစ်သွေးကြွ  ၄ ယောက် သေဆုံးခဲ့ပါတယ်။   ပူရ်ဝါးမားခရိုင်က ရွာတရွာမှာ စစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘူ မူဂျာဟေဒင်တပ်မှူး ရီယက်ဇ်နိုက်ကူ  ပုန်းအောင်းနေတယ်ဆိုတဲ့ သတင်းကို ရရှိပြီးနောက် မေလ ၅ ရက် နှောင်းပိုင်းမှာ   အိန္ဒိယတပ်ဖွဲ့ဝင် ရာချီပြီး  စစ်ဆင်ရေး ပြုလုပ်ခဲ့ပါတယ်။    ရီယက်ဇ်နိုက်ကူဟာ ၂၀၁၆ ခုနှစ်မှာ သေဆုံးခဲ့တဲ့  မူဂျာဟေဒင် တပ်မှူး  ဘာဟန်ဝမ်နီရဲ့ လက်ထောက်ဖြစ်ပြီး ဘာဟန်ဝန်နီ သေဆုံးတဲ့အတွက် လနဲ့ချီပြီး မငြိမ်မသက်တာတွေ ဖြစ်ခဲ့ပါတယ်။   သင်္ချာဆရာဟောင်း တပ်မှူးနိုက်ကူရဲ့ ခေါင်းကို ဖြတ်နိုင်ပါက  ရူပီးငွေ  ၁ ဒသမ  ၂ သန်း ချီးမြှင့်မယ်လို့ ဆုကြေးထုတ်ထားပါတယ်။    နိုက်ကူသေဆုံးတာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ မဖြစ်စေဖို့ အိန္ဒိယအာဏာပိုင်တွေက  မေလ ၆ ရက်အစောပိုင်းကတည်းက ကတ်ရှ်မီးယားဒေသမှာ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့ပါတယ်။   ကတ်ရှ်မီးယားဒေသမှာ အိန္ဒိယအစိုးရ အုပ်ချုပ်တာကို ခွဲထွက်ရေးသမားတွေ  လက်နက်ကိုင် ဆန့်ကျင်လာခဲ့တာ ဆယ်စုနှစ်ချီ လာခဲ့ပါပြီ။ ခွဲထွက်ရေးသမား အများစုက ကတ်ရှ်မီးယားဒေသအတွက် လွတ်လပ်ရေးရလိုတာ ဒါမှမဟုတ် အိန္ဒိယရဲ့ ပြိုင်ဘက် ရန်သူဟောင်း ပါကစ္စတန်နဲ့ ပူးပေါင်းလိုတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 
1 year Ago
Up