စစ်သား

November 14, 2021

ထိုင်းရေဘေးသင့်ပြည်သူများအတွက် စစ်သားများက ကယ်ဆယ်ရေးလုပ်ဆောင်

ထိုင်းတပ်မတော်က စစ်သားသည်တွေဟာ နိုင်ငံတောင်ပိုင်းက ရေကြီးမှုနဲ့ ကြုံနေရတဲ့  ချွန်ဖေါခရိုင်ထဲမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတာကို ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

စစ်သားတွေက ကြိုးတန်းပေါ် စွန့်စွန့်စားစားသွားပြီး ရေဘေးကြုံနေရတဲ့ လူတွေကို တဘက်ကမ်းဆီ ပို့ဆောင်ပေးနေတာကို ရုပ်သံသတင်းမှာ တွေ့ရပါတယ်။ 

စစ်သားတစ်ယောက်က ရေစီးကြမ်းလာပြီး လူတွေကို မကယ်နိုင်တော့မှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။ 

အိမ်ငယ်လေးတွေ ရေစီးထဲ မျောပါသွားသလို  ရေတိုက်စားလို့ ကမ်းပါးက သစ်ပင်တွေ ပြိုကျသွားတာတွေကိုလည်း တွေ့ရပါတယ်။  

သောကြာနေ့က စတင်တဲ့ ဒီရေဘေးအတွင်း လူ ၂ ယောက် သေဆုံးပြီး လူ ၅၀၀၀ လောက်  ရေဘေး ဆိုးဆိုးရွားရွား ကြုံနေရတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။ 

2 weeks Ago

November 8, 2021

ပြည်သူ့ရင်ခွင်ခိုလှုံရန် စာရင်းပေးလာသည့် စစ်သားနှင့်ရဲ တလအတွင်း ၃၀၀ ကျော်ရှိ

အမျိုးသားညီညွတ်ရေးအစိုးရက ခုခံတွန်းလှန်စစ်စတင်ပြီလို့ ကြေညာတဲ့နောက်ပိုင်း စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၃၀၀ ကျော် ပြည်သူ့ရင်ခွင်ခိုလှုံဖို့စာရင်းပေးလာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တွန်းလှန်စစ်ကြေညာတဲ့ စက်တင်ဘာ ၇ ရက်နေ့ကစလို့ ပြည်သူ့ရင်ခွင် ခိုလှုံလို​တယ်လို့ ဆက်သွယ်လာတဲ့ တပ်သားနဲ့ ရဲတွေ နေ့စဉ် တိုးပွားလာနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

အောက်တိုဘာ ၈ ရက်ကနေ နိုဝင်ဘာ ၇ ရက်နေ့အထိ ပြည်သူ့ရင်ခွင်ခိုလှုံလိုကြောင်းဆက်သွယ်လာသူ တပ်သား ၁၅၅ ယောက်၊ ရဲ ၁၆၁ ယောက်၊ စုစုပေါင်း ၃၁၆ ယောက်ရှိတယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဒါဟာ ပြည်သူ့ရင်ခွင်အဖွဲ့တခုတည်းကို ဆက်သွယ်လာတဲ့ အရေအတွက်ဖြစ်ပြီး လွတ်မြောက်နယ်မြေတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ရောက်နေတဲ့ စာရင်းအချက်အလက်တွေ မပါသေးပါဘူး။ 

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ရဲဌာနထဲကနေ နေ့စဉ် အရေးကြီးသတင်းပေးပို့နေတဲ့ ပြည်သူ့ဘက်တော်သားတွေကိုလည်း အထူးကျေးဇူးတင်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံတော် အာဏာကို တရားမဝင် သိမ်းယူပြီးနောက် စစ်အာဏာရှင်လက်အောက်ကနေ ပြည်သူဘက်ကို ကူးပြောင်းပူးပေါင်းလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ ဝင်တွေကလည်း  ထောင်ချီရှိနေပြီဖြစ်ပါတယ်။

3 weeks Ago
More News
Up