စစ်သတင်းထောက်ဟောင်း

July 14, 2020

စစ်သတင်းထောက်ဟောင်းကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ရုရှားတရားရုံးက တရားစွဲ

ရုရှားတရားရုံးက စစ်သတင်းထောက်ဟောင်း အိုင်ဗန်ဆာဖရွန်နော့ဗ်ကို နိုင်ငံတော် သစ္စာဖောက်ဖျက်မှုနဲ့ ဇူလိုင် ၁၃ ရက်မှာ တရားစွဲလိုက်တယ်လို့ ရှေ့နေက ပြောပါတယ်။ စစ်ရေးလျှို့ဝှက်ချက်တွေကို ချက်သမ္မတနိုင်ငံဆီ လွှဲပေးမှုနဲ့ သူ့ကိုစွပ်စွဲပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အရင်တပတ်က ဖမ်းဆီးခဲ့တာပါ။ အိုင်ဗန်က လွှဲပေးတယ်လို့ စွပ်စွဲခံရတဲ့ သတင်းအချက်အလက် ဆိုတာဟာ ရုရှားက အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဆီ လက်နက်တင်ပို့မှုနဲ့ ပတ်သက်ပြီး အဲဒီသတင်းအချက်အလက် တွေကို နောက်ပိုင်းမှာ အမေရိကန်ဆီ မျှဝေခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေကို ကိုးကားပြီး သူ့ရှေ့နေက အရင်တပတ်က ပြောပါတယ်။ အိုင်ဗန်အပေါ် စွဲချက်တွေကို ပယ်ဖျက်ဖို့နဲ့ အဓိကသက်သေတွေကို လူသိရှင်ကြား ထုတ်ပြန်ဖို့ လူပေါင်း ၅၅၀၀၀ လောက်က လက်မှတ်ရေးထိုး တောင်းဆိုထားပါတယ်။ စုံစမ်းစစ်ဆေးသူတွေကို ဖိအားမပေးဖို့ ရုရှား နိုင်ငံခြားထောက်လှမ်းရေးဌာန အကြီးအကဲက ရုရှားအစိုးရကို အကြံပြုထားပါတယ်။ ဆာဖရွန်နော့ဗ်ဟာ စာနယ်ဇင်းလောကကို ကျောခိုင်းပြီး ၂၀၂၀ မေလမှာ ရုရှား အာကာသ အေဂျင်စီမှာ အကြံပေး ဖြစ်လာခဲ့တာပါ။ သူ့အပေါ်စွဲချက်ကို ငြင်းထားပေမယ့် ပြစ်မှုထင်ရှားရင် ထောင်ဒဏ် နှစ် ၂၀ အထိ ကျခံရနိုင်ပါတယ်။
11 months Ago
Up