စစ်ဘေးရှောင်

October 20, 2021

စစ်ဘေးရှောင်များအတွက် သီတင်းကျွတ်လပြည့်ဆေးဝါးအလှူ Clean Yangon အဖွဲ့ကတဆင့် လှူဒါန်းနိုင်

စစ်ဘေးရှောင်မိသားစုတွေအတွက် သီတင်းကျွတ်လပြည့် ဆေးဝါးအလှူ ပါဝင်လိုသူတွေအနေနဲ့ Clean Yangon အဖွဲ့ကတဆင့် ပါဝင်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။

စစ်ဘေးရှောင်စခန်းတွေနဲ့ တောင်ပေါ်ဒေသက သွေးချင်းတွေအတွက် ဆေးဝါးဖိုး အလှူခံ တာဖြစ်ပြီး Clean Yangon အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ Message Box ကတဆင့် ဆက် သွယ်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေခဲ့တာပါ။

ဒီတိုက်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဟာလည်း တနေ့တခြား ပိုမိုများပြားလာနေပါတယ်။

Clean Yangon အဖွဲ့ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့အတူ ရန် ကုန်မြို့တော် သာယာလှပရေးနဲ့ သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက် အသိပညာပေးရေး လှုပ်ရှားမှုတွေနဲ့ ထင်ရှားပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလ ကူညီကယ်ဆယ်ရေးလုပ်ငန်း တွေမှာလည်း တစိုက်မတ်မတ် လှုပ်ရှားခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မတရားအာဏာသိမ်းကာလ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေကြား ပဋိပက္ခတွေကြောင့် နေရပ်ဒေသအသီးသီးက ထွက်ပြေးတိမ်းရှောင်နေ ကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ တထောင့်တနေရာကနေ ပံ့ပိုးကူညီမှုတွေ တစိုက်မတ်မတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

22 hours Ago

October 18, 2021

ထားဝယ်ခရိုင်အတွင်း စစ်ဘေးရှောင်များ အစားအသောက်နှင့်ဆေးဝါးအကူအညီ လိုအပ်နေ

တနင်္သါရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေရဲ့ ထိတွေ့ပစ်ခတ်မှုတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေေ လိုအပ်နေတယ်လို့ ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)  တာဝန်ရှိသူတဦးက ပြောပါတယ်။

ခရိုင်သပိတ်တာဝန်ရှိသူက “လက်ရှိ ကျနော်တို့လိုအပ်နေတာက ငွေကြေးပါပဲ။ ပြီးမှ ကျနော်တို့ လိုအပ်တဲ့ ရိက္ခာနဲ့ ဆေးဝါးတွေ ဝယ်ပြီး ပို့ပေးဖို့ စီစဉ်ထားပါတယ်။ အခုလက်ရှိ ၁ ထောင်ကနေ ၁ သိန်းအထိ လှူဒါန်းတွေ ရှိပါတယ်။” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ရှောင်ပြည်သူတွေအတွက် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကို လှူဒါန်းထားတာ ငွေကျပ် ၅ သိန်းကျော် ရရှိထားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် သရက်ချောင်းမြို့နယ်က တောင်ပျောက်တိုက်နယ် ကျေးရွာ ၁၀ ရွာလောက်က စစ်ဘေးရှောင် ရွာသား ၁၀၀၀ ကျော်ဟာ လတ်တလောမှာတော့ တောတောင်တွေ၊ ဉယျာဉ်ခြံမြေတွေမှာ ဖြစ်သလို နေထိုင်နေကြရပြီး အစားအသောက် အကူအညီတွေ လိုနေတယ်လို့ သိရပါတယ်။ 

စစ်ရှောင်ပြည်သူတဦးက “'ဆန်တစ်အိတ် ၇၀၀၀၀ လောက်ပေးဝယ်နေရတာမျိုးတောင်ရှိပါတယ်။ ဒါတောင် ပိုက်ဆံရှိတဲ့သူတိုင်း ဝယ်လို့မရဘူး၊ ပိုက်ဆံက ရှိလည်း ဘာမှသုံးလို့မရဘဲဖြစ်နေတယ်။ အဓိကက ဆန်ပဲလိုတယ်၊ ဆန်ရှိနေရင် အဆင်ပြေသလိုချက်စားလို့ရတယ်” လို့ ပြောပါတယ်။

ဇူလိုင်လကတည်းက ဖွဲ့စည်းထားတဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ထားဝယ်ခရိုင်အတွင်း စက်တင်ဘာလကစပြီး တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိမှာတော့ တိုက်ပွဲတွေ ငြိမ်နေတယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၅ ကြိမ်ဖြစ်ထားပြီး မစိုးရိမ်ရ ဒဏ်ရာရသူ ၂ ဦးသာရှိတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ရှောင်တွေအတွက် အလှူငွေပေးပို့ လှူဒါန်းလိုသူတွေအနေနဲ့ ထားဝယ်ခရိုင်သပိတ်ကော်မတီ  https://www.facebook.com/Democracy-Movement-Strike-Committee-Dawei-101846808678327/  Facebook Page Messenger ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

3 days Ago
More News
Up