စစ်တပ်အမာခံသတင်းပေး

October 27, 2021

မအူပင်တွင် စစ်တပ်အမာခံသတင်းပေးတဦးကို သေမင်းလက်ယာအဖွဲ့က ရှင်းလင်း

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့ ညပိုင်းက စစ်တပ်အမာခံသတင်းပေးအမျိုးသား တဦးကို သေမင်းလက်ယာအဖွဲ့က ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

အမှတ် ၁၀ ရပ်ကွက် ၁၀ လမ်းထိပ်မှာ ကြက်ကင်ရောင်းရင်း PDF သတင်းစုံစမ်းနေတဲ့ စစ်တပ်အမာခံသတင်‌ေပေးလို့ နာမည်ကြီးသူ စိန်ကုလားဆိုသူကို ည ၇ နာရီခွဲလောက်မှာ ရှင်းလင်းခဲ့တယ်လို့ သေမင်းလက်ယာအဖွဲ့ခေါင်းဆောင် ဗိုလ်လက်ဝဲက DVB ကို ပြောပါတယ်။

“သူက အဲ့နားမှာ ကြက်ကင်ရောင်းသလိုလုပ်ပြီး စစ်အုပ်စုကို သတင်းပေးနေတာ၊ သူကြောင့် ဖမ်းဆီးခံရတာ များပြီ။ သတင်းအတိအကျရလို့ စုံစမ်းပြီးမှ လုပ်ခဲ့တာပါ။ နောက်ထပ်လည်း ဒလန်တွေကို ရှင်းလင်းသွားမှာပါ။”

စစ်တပ်အမာခံသတင်းပေး ကြက်ကင်ရောင်းသူ စိန်ကုလားကို သေမင်းလက်ယာအဖွဲ့သားတွေက သေနတ်နဲ့ အနီးကပ် ၁ ချက်တည်း ပစ်ခတ်ပြီး ရှင်းလင်းခဲ့သလို လုံခြုံတဲ့နေရာကို ပြန်လည်ရောက်ရှိနေပြီလို့ ဆိုပါတယ်။

သေမင်းလက်ယာအဖွဲ့က ဒလန်ရှင်းလင်းပြီးနောက် စစ်အုပ်စုတပ်သားတွေရောက်ရှိလာပြီး လမ်းပိတ်ဆို့ကာ ဆဲဆိုကြိမ်းမောင်းပြီး စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မအူပင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အောက်တိုဘာလ ၁ လထဲမှာ စစ်တပ်အမာခံသတင်းပေး ရှင်းလင်းခံရတာ ၂ ဦးထိရှိလာပြီဖြစ်ပါတယ်။

3 months Ago
Up