စစ်ဆင်ရေး

October 26, 2020

စစ်ဆင်ရေးတခုတွင် ထိပ်တန်းသူပုန်စစ်ဦးစီးမှူးကို ကိုလံဘီယာတပ်က သတ်ခဲ့ဟု သမ္မတပြော

ကိုလံဘီယာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အမျိုးသားလွတ်မြောက်ရေးစစ်တပ် ELN ရဲ့ ထိပ်တန်းသူပုန် စစ်ဦးစီးမှူး အူရီယယ်ကို ပစိဖိတ်ကမ်းရိုးတန်းက ချိုကိုပြည်နယ်အတွင်း စစ်ဆင်ရေးမှာ သတ်ခဲ့ပြီးပြီလို့ သမ္မတ အိုင်ဗန်ဒူကေးက အောက်တိုဘာ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။  မီဒီယာ၊ အွန်လိုင်း၊ ရုပ်သံတွေနဲ့ တွစ်တာအကောင့်တွေမှာ အူရီယယ်ဆိုတဲ့ နာမည်နဲ့ သိကြတဲ့ သူဟာ ကလေးသူငယ်တွေကို အတင်းဖိအားပေး စစ်သားစုဆောင်းမှု၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို သတ်ဖြတ် ပြန်ပေးဆွဲမှုတွေအတွက် တာဝန်ရှိတယ်လို့ ဒူကေးက အောက်တိုဘာ ၂၅ ရက်ညနေက ရဲ၊ စစ်တပ်ခေါင်းဆောင်တွေနဲ့ အတူ ပြောတဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။  ၁၉၆၄ ခုနှစ်က အစွန်းရောက်သင်းအုပ်ဆရာတွေ နဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ ELN သူပုန်တပ်ဟာ ဖားသူပုန်တွေထက် ပိုအစွန်းရောက်ပြီး ဗဟိုထိန်းချုပ်မှု အားနည်းတယ်လို့ မှတ်ယူ ခံထားရပါတယ်။  ဖားသူပုန်တွေကတော့ ၂၀၁၆ မှာ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုပြီး တရားဝင်နိုင်ငံရေးပါတီ အဖြစ် ရပ်တည်နေပါပြီ။  တိုက်ခိုက်ရေးသမား အယောက် ၂၀၀၀ လောက်ရှိတဲ့ ELN  သူပုန်တပ်ဟာ ကိုလံဘီယာ အစိုးရဟောင်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စခဲ့ပေမဲ့ ဘိုကိုတာမြို့မှာ ကားဗုံးခွဲအပြီး ညှိနှိုင်းမှု ပျက်ခဲ့ပါတယ်။ သမ္မတ ဒူကေးကလည်း ELN က ဖမ်းထားတဲ့ ပြန်ပေးဆွဲ ဓားစာခံအားလုံကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ရဲသင်တန်းသား ၂၂ ယောက် သေဆုံးရတဲ့ ၂၀၁၉ ဗုံးခွဲမှုမှာ ပါဝင်တယ်လို့ စွပ်စွဲထားတဲ့ သူပုန်ခေါင်းဆောင် ၈ ယောက်ကို ဖမ်းဖို့ လတ်တလောမှာ ကိုလံဘီယာအစိုးရဟာ အမိန့်ထုတ် ထားပါတယ်။   
6 months Ago

May 7, 2020

၂၀၁၉ ခုနှစ် အမေရိကန်စစ်ဆင်ရေးများအတွင်း အရပ်သား ၁၃၂ ဦး သေဆုံး

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် တနှစ်တာကာလအတွင်း အမေရိကန်စစ်တပ်ရဲ့ ကမ္ဘာတလွှား စစ်ဆင်ရေးတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားဦးရေဟာ ၁၃၂ ယောက်ရှိခဲ့တယ်လို့ ပင် တဂွန်စစ်ဌာနချုပ်က မေလ ၆ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ နှစ်ချုပ်အစီရင်ခံစာထဲမှာတော့ “အမေရိကန်စစ်တပ်ရဲ့ ၂၀၁၉ ခုနှစ်ကာလအတွင်း အီရတ်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ ဆိုမာလီယာ စစ်ဆင်ရေးတွေကြောင့် အရပ်သား ၁၃၂ ယောက်နီးပါး သေဆုံးခဲ့ရပြီး ၉၁ ယောက်လောက် ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြောင်း” ဖော်ပြထားပါတယ်။ အဲဒီအစီရင်ခံစာထဲမှာ ယီမင်နဲ့ လစ်ဗျားနိုင်ငံစစ်ဆင်ရေးတွေအတွင်းက အရပ်သားတွေရဲ့ ထိခိုက်သေဆုံးရတဲ့ အရေအတွက်ကိုတော့ ဖော်ပြမထားခဲ့ပါဘူး။ လက်ရှိ ထိခိုက်သေဆုံးရသူ အရပ်သားတွေထဲက အများစုကတော့ အာဖဂန်နစ္စတန် နိုင်ငံသားတွေဖြစ်ပြီး ၁၀၈ ယောက်သေဆုံးခဲ့ကာ ၇၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပင်တဂွန်က ဆိုပါတယ်။ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာတော့ သေဆုံးသူ အရပ်သား ၂၂ ယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ယောက်ရှိခဲ့ပြီး ဆိုမာလီယာနိုင်ငံမှာတော့ ၂ ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်း(NGOs)တွေကတော့ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေကြောင့် သေဆုံးထိခိုက်ရတဲ့ အရပ်သားအရေအတွက်ကို ခုထက်ပိုမိုဖော်ပြခဲ့ကြပြီး ကွာဟမှုတွေ ရှိနေခဲ့တာပါ။ Airwars အဖွဲ့ကတော့ ပြီးခဲ့တဲ့နှစ်အတွင်း ဆီးရီးယားစစ်မြေပြင်တခုတည်းမှာပဲ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးရတဲ့ အရပ်သားဦးရေဟာ ၄၆၅ ယောက်နဲ့ ၁၁၁၃ ယောက်ကြားရှိနိုင်တယ်လို့ ခန့်မှန်းထားခဲ့တာပါ။ အမေရိကန်နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)၊ လူ့အခွင့်အရေး နဲ့ လုံခြုံမှုဆိုင်ရာ ဒါရိုက်တာတဦးဖြစ်တဲ့ ဒက်ဖနီအီဗီယေတာကတော့ အမေရိကန်စစ်တပ်ရဲ့ အခုနှစ်အစီရင်ခံစာဟာ ပွင့်လင်းမြင်သာမှုအရ တိုးတက်မှုတချို့ရှိလာ နေပေမယ့် ပင်တဂွန်အနေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုအရေအတွက်ကို လျှော့ပြီး ဖော်ပြနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန်အရပ်ဘက်လူထုလွတ်လပ်မှုအခွင့်အရေးဆိုင်ရာသမဂ္ဂ (အေစီအယ်လ်ယူ) မှ ဒါရိုက်တာ ဟီနာရှမ်ဆီကလည်း ထရမ့်အစိုးရအနေနဲ့ စစ်ဆင်ရေးတွေကြောင့် ထိခိုက်သေဆုံးရတဲ့ အရပ်သားအရေအတွက် လျှော့ပေါ့ဖော်ပြထားကြောင်း ဝေဖန်ခဲ့တာပါ။ “လွတ်လပ်တဲ့ သတင်းမီဒီယာတွေ၊ အဖွဲ့အစည်းတွေမှာ ဖော်ပြထားတဲ့ ထိခိုက် သေဆုံးရသူတွေ အရေအတွက်နဲ့ နှိုင်းယှဉ်ရင် ပင်တဂွန်ရဲ့ စုံစမ်းစစ်ဆေးမှုက အံ့အားသင့်စရာ မခိုင်လုံမှုပဲဆိုတာ ထင်ရှားနေပါတယ်။”
12 months Ago
More News
Up