စစ်ခေါင်းဆောင်

September 19, 2021

ဂီနီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု စိုးရိမ်စရာမရှိဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော

အခြေခံဥပဒေနဲ့ အုပ်ချုပ်ဖို့ အမြန်အသွင်ကူးပြောင်းရေး ဖိအားပေးတဲ့အနေနဲ့ ဒေသတွင်းအဖွဲ့က ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်မှာကို မစိုးရိမ်ဘူးလို့ ဂီနီနိုင်ငံရဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်က အနောက်အာဖရိက ခေါင်းဆောင်တွေရဲ့ ကိုယ်စားလှယ်တွေကို ပြောခဲ့တဲ့အကြောင်း စစ်အာဏာသိမ်းအဖွဲ့ရဲ့ ပြောခွင့်ရက စက်တင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။

စက်တင်ဘာ ၅ ရက်က ဂီနီသမ္မတ အယ်လ်ဖှာ ကွန်ဒေကို အာဏာသိမ်းတဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ ဂီနီစစ်ကောင်စီနဲ့ သူတို့ရဲ့ ဆွေမျိုးတွေ ပိုင်ဆိုင်သမျှ ဘဏ္ဍာရေးကို ပိတ်ဆို့ဖို့နဲ့ ခရီးသွားမှု တားမြစ်ပိတ်ပင်ဖို့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေး လူ့အဖွဲ့အစည်း ECOWAS က စက်တင်ဘာ ၁၆ ရက်မှာ သဘောတူခဲ့ပါတယ်။

စစ်သားတွေအနေနဲ့ သူတို့အလုပ်က ဂီနီမှာပဲရှိတယ် ဘဏ်စာရင်းတွေ ပိတ်သိမ်းဖို့ ဘာမှ မရှိဘူးလို့ အာဏာသိမ်းခေါင်းဆောင် မာမာဒီဒွမ်ဘောင်ယာက ပြောခဲ့တဲ့ အကြောင်း စစ်ကောင်စီ ပြောခွင့်ရက သတင်းစာ ရှင်းလင်းပွဲမှာ ပြန်ပြောပြပါတယ်။

ဒီမှတ်ချက်တွေကို ဂီနီမြို့တော် ကိုနာခရီဆီ လာရောက်လည်ပတ်တဲ့ အိုင်ဗရီကို့စ်နဲ့ ဂါနာ သမ္မတတွေနဲ့ ဒွမ်ဘောင်ယာတို့ အစည်းအဝေးအတွင်း ပြောခဲ့တာပါ။  သမ္မတ ကွန်ဒေကို ပြန်လွှတ်ရေး အားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ 

မနှစ်တည်းက ခုထိ အလယ်နဲ့ အနောက် အာဖရိကဒေသမှာ စစ်အာဏာသိမ်းမှု လေးရပ်ကို ကြုံတွေ့ခဲ့ရတာပါ။

ဒါကြောင့် ဒေသတွင်း ဒီမိုကရေစီ နောက်ပြန်ဆွဲတာ ထပ်မဖြစ်အောင် ဟန့်တားဖို့  ECOWAS အဖွဲ့ဝင်တွေရဲ့ ဆန္ဒအရ ဒဏ်ခတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

4 days Ago

အကြမ်းဖက်စစ်ခေါင်းဆောင်အား ဦးခက်ထိန်နန်က ကချင်အမျိုးသား ခေါင်းပေါင်းပေးအပ်

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဦးခက်ထိန်နန်က ကချင်အမျိုးသားဝတ်စုံနဲ့ ခေါင်းပေါင်း ပေးအပ်လိုက်တယ်လို့ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၁၈ ရက်က အာဏာသိမ်းစစ်ခေါင်းဆောင်  ကချင်ပြည်နယ်ခရီးစဉ် လာရောက်စဉ် စစ်ကောင်စီခန့် ကချင်ပြည်နယ်၀န်ကြီးချုပ် ဦးခက်ထိန်နန်က   ကချင်အမျိုးသား ရိုးရာဝတ်စုံ၊  ခေါင်းပေါင်း၊ ဓားနဲ့ လွယ်အိတ် လက်ဆောင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ 

ကချင်တစ်မျိုးသားလုံးက တန်ဖိုးထားတဲ့ ကချင်အမျိုးသား ခေါင်းပေါင်းအား အကြမ်းဖက်ခေါင်းဆောင်တစ်ဦးကို ပေးအပ်လိုက်တဲ့အပေါ် ကချင်လူငယ်တစ်ဦးက "ကချင်လူမျိုးတစ်ယောက်အနေနဲ့ အမည်ကင်ပွန်းမတပ်ရသေးဘဲ တခြားသူစိမ်းတစ်ယောက်ကို  ခုလို ကချင်အမျိုးသားခေါင်းပေါင်းပေးအပ်လိုက်တာက ကချင်တစ်မျိုးသားလုံးကို စော်ကားလိုက်တာပါဘဲ။ ကချင်ရိုးရာယဉ်ကျေးမှုကို မထီမဲ့မြင် ပြုလိုက်တာပါ"လို့ ပြောပါတယ်။

ဦးခက်ထိန်နန်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီဘက်က ကချင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံထားရသူဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ဟာ မနေ့မွန်းလွဲပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ခရိုင်၊ မြို့နယ်စစ်ကောင်စီအဖွဲ့တွေ၊  မြို့မိမြို့ဖ တွေနဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ ဒေသခံ စီးပွားရေးသမားတွေက စက်မှုဇုန်လုပ်ငန်း၊ ကျောက်စိမ်းလုပ်ငန်း၊ ခရီးသွား လုပ်ငန်းတွေ ခွင့်ပြုပေးဖို့နဲ့  အဆင့်မြှင့်တင်ပေးဖို့ တင်ပြခဲ့ကြတယ်လို့ စစ်ကောင်စီပြန် ကြားရေးက သတင်းထုတ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်က “ သယံဇာတကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ရေရှည်တည်တံ့နိုင် သည့် လုပ်ငန်းများမဟုတ်ဘဲ ရေတိုအတွက်သာ အဆင်ပြေနိုင်မည်ဖြစ်သဖြင့် မြေပေါ်မြေအောက်သယံဇာတများကို ထုတ်ယူခြင်းလုပ်ငန်းများကို အားမပေးလို ကြောင်း၊ မိမိတို့နိုင်ငံသည် သယံဇာတများကို ထုတ်ယူပြီး အကြမ်းထည်များကို တင်ပို့သောကြောင့် ဈေးနှုန်းရသင့်သည်ထက် နည်းပါးစွာ ရရှိသဖြင့် အချောထည် များကို ထုတ်လုပ်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အချို့သော သယံဇာတများသည် ပြည့်ဖြိုးမြဲသယံဇာတမဟုတ်သည့်အတွက် ကုန်ခမ်းသွားနိုင် ကြောင်း၊ ပြည်ဖြိုးမြဲသယံဇာတများကိုမူ ပြန်လည် ဖြည့်တင်းရေးနှင့် ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း။” ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

ကချင်ပြည်နယ်မာ ဆန်၊ ပဲ ဖူလုံမှုရှိပေမဲ့  ဆီဖူလုံမှုလိုအပ်နေလို့ ဆီထွက်သီးနှံတွေ စိုက်ပျိုးထုတ်လုပ်ကြဖို့၊ ကချင်ပြည်နယ်ဟာ နေစပ်ဒေသတစ်ခုဖြစ်လို့  နာရီပိုင်းအတွင်း စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေ ဈေးကွက်သို့တင်ပို့ရောင်းချနိုင်မည်ဖြစ်ပြီး ဒေသထုတ်ကုန်တွေကို အဆင့်မြှင့်တင်ပြီး တင်ပို့ရောင်းချနိုင်ရန်လိုတယ်လို့ ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ပူတာအိုဘက်ကို ခရီးဆက်မှာဖြစ်တယ်လို့သိရပါတယ်။

Photo-DSINFO

5 days Ago

August 10, 2021

လူသန်း ၅၀ ကျော်အတွက် ကိုဗစ်ကာကွယ်ဆေး နိုင်ငံခြားမှ ဝယ်နေပါက တိုင်းပြည်မွဲသွားလိမ့်မည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

မြန်မာပြည်သူလူထု သန်း ၅၀ ကျော်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး နိုင်ငံခြားကနေ တချိန်လုံးဝယ်နေပါက တိုင်းပြည်မွဲသွားလိမ့်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဩဂုတ် ၉ ရက်က နေပြည်တော်မှာကျင်းပတဲ့ စစ်ကောင်စီရဲ့ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးမှာ ပြောသွားတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က “ကာကွယ်ဆေးရယ်၊ ကုသဆေးရယ်၊ ဒါ အနာဂတ်မှာ မလုပ်လို့မရပါဘူး၊ အနာဂတ်မှာ ကာကွယ်ဆေးရော၊ ကုသဆေးရော ကျနော်တို့  ထုတ်ကို ထုတ်ရမယ်၊ ဒါ ပြည်တွင်းမှာ ကျနော်တို့  မလုပ်လို့မရဘူး၊ လူသန်းပေါင်း ၅၀ ကျော်လောက်ဟာကို ၊တစ်ချိန်လုံး နိုင်ငံခြားက ဝယ်ဖို့ဆိုတာကတော့ တိုင်းပြည်မွဲသွားလိမ့်မယ်။ အဲဒီတော့ ကျနော်တို့ဆီမှာ ထုတ်လို့ရအောင် ကျနော်တို့ ကြိုးစားရမယ်။ ကာကွယ်ဆေး ရော၊ ကုသဆေးရော ကျနော်တို့ ရအောင်လုပ်ကြမယ်။”လို့ ပြောပါတယ်။

ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်စတဲ့ ပြည်နယ်တွေမှာရှိတဲ့  တိုင်းရင်းဆေး ပညာရှင်တွေကို ခေါ်ယူတွေ့ဆုံပြီး  ကိုဗစ်ကာကွယ်ဆေးဖော်ကြဖို့လည်း စစ်ခေါင်းဆောင်က ညွှန်ကြားလိုက်ပါတယ်။

“ပြည်နယ်တွေမှာလည်း တိုင်းရင်းဆေးပညာရှင်တွေရှိပါတယ်။ ဆေး အကျော်အမော်တွေရှိကြတယ်။ ကရင်ပြည်နယ်မှာရှိတယ်။ ကချင်ပြည်နယ်မှာရှိတယ်။ ရှမ်းပြည်နယ်မှာရှိတယ်။ ပြည်နယ်တွေမှာလည်း၊ ကျနော်တို့ မပြောနိုင်တဲ့၊ မသိတဲ့ တိုင်းရင်းဆေးနဲ့ပတ်သက်တဲ့ပညာရှင်တွေရှိမှာပါ။ သူတို့နဲ့ ခေါ်ယူတွေ့ဆုံဆွေး နွေးပြီးတော့မှ လက်တွေ့ကျတဲ့ဟာပေါ့၊ ကျနော်တို့မှာတော့ တစ်ဖုံထည့်မယ်တို့၊ နှစ်ဖုံထည့်မယ်တို့၊ သေချာသိပ္ပံနည်းကျပေါ့၊ သူ့ရဲ့ စကေးလ် အတိအကျနဲ့၊ တစ်ကယ့် ကို နည်းစနစ်ကျကျနဲ့ ဖော်ထုတ်ပြီးတော့မှ ဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ရဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ ကာကွယ်ကုသဆေးဟာ ပြည်တွင်းမှာပဲ လုပ်လို့ရမယ့် အနေအထားရှိတယ်။ ဒါကိုလည်း တိုင်းရင်းဆေးအပါအဝင်ကာကွယ်ဆေး၊ ကုသဆေးတွေကိုလည်း ပြည့်စုံအောင် ရေရှည်အတွက် ကြည့်ပြီး ဆောင်ရွက်ပေးကြဖို့ ကျနော်ပြောလိုပါတယ်။” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့ပေမဲ့ စိတ်ချရတဲ့ အနေအထားမှာ မရှိသေးကြောင်း၊ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းကို အခုဩဂုတ်လမှာ တစ်ဝက်၊ ခေါက်ချိုးကျသည်အထိ ဆွဲချနိုင်ရေး ကြိုးစားလုပ်ဆောင်သွားမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ မနေ့က တစ်ရက်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃,၆၁၁ ယောက်၊ သေဆုံးသူ  ၂၃၈ ယောက်တွေ့ရှိပြီး   ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၃၃,၁၂၇ ယောက် နဲ့ သေဆုံးသူ ၁၂,၀၁၄ ယောက်ရှိလာပြီလို့   စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၉ ရက်ညမှာ ထုတ်ပြန်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအများဆုံး အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေပြီးရင် မြန်မာနိုင်ငံက တတိယမြောက် သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

Photo-AP

1 month Ago
More News
Up