စစ်ကောင်စီ တပ်သား သေ

October 25, 2021

သထုံမြို့နယ်၌ တိုက်ပွဲဖြစ်၊ စစ်ကောင်စီ တပ်သား ၁၄ ဦးသေ၊ ၉ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) အကြား  တရက်အတွင်း ပစ်ခတ်မှု ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က  ၁၄ ဦး သေဆုံးကာ  ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ပါတယ်။

ကေအန်ယူ  သထုံခရုင်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ စစ်ကောင်စီ စကခ ၈ လက်အောက်ခံ ခမရ (၄၀၆) BGF ၁၀၁၃ တပ်ခွဲ ၂ ပူးပေါင်းတပ်ဖွဲ့တို့အကြား အောက်ဘာ ၂၄ ရက်နေ့က ထိတွေ့ပစ်ခတ်မှု ၅ ကြိမ် ဖြစ်ပွားခဲ့တာပါ။

ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီနဲ့ BGF ပူးပေါင်းစခန်းမှ တပ်ပြောင်းပြီး ပြန်လာတဲ့ တပ်ဖွဲ့ကို  ကြားဖြတ်ပတ်ခတ်ခဲ့တာ လို့ ဆိုပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အတွက် ည ၉ နာရီလောက်မှာ  ထုံးဘိုလေးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ အတွင်းတပ်ဆွဲထားတဲ့ တပ်မ ၂၂ လောက်အောက်ခံ ခမရ ၂၀၁ မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ရာမှာ ထုံးဘိုကြီးကျေးရွာ ရွာလယ်ပိုင်းက နေအိမ်တလုံး ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။ 

ကေအန်ယူ-သထုံခရိုင်၊ တပ်မဟာ (၁)အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလုပ်ရှားမှုနဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေကြောင့် ကရင်အမျိုးသားကာကွယ်ရေး တပ်မတော်(KNLA) နဲ့ စစ်ကောင်စီတပ်တွေ ရက် ၂၀ အတွင်း တိုက်ပွဲပေါင်း ၃၀  ကျော် ဖြစ်ပွားခဲ့တယ်လို့  ကေအန်ယူသတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။  

3 months Ago
Up