စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန

November 27, 2021

တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၅၀၀ နီးပါးနှင့် သေဆုံးသူ ၉ ဦးရှိ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၅၀၀ နီးပါးနဲ့ သေဆုံးသူ နောက်ထပ်  ၉ ဦးရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၆ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂၃,၄၉၈ ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၄၉၃ ယောက်တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း  ၂ ဒသမ  ၁ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၆၄၁ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၅၂၀,၇၀၆ ယောက်နဲ့ သေဆုံးသူအရေအတွက်ကတော့ ၁၉,၀၆၇ ယောက် ရှိနေပါတယ်။

ကာကွယ်ဆေးထိုးပြီးမှုအနေနဲ့ နိုဝင်ဘာ ၂၃ ရက်နေ့အထိ ကာကွယ်ဆေး ၁ ကြိမ်ထိုးပြီးသူ ၄ ဒသမ ၇ သန်း၊ ၂ ကြိမ်အပြည့်ထိုးနှံပြီးသူ  ၁၁ ဒသမ ၀၁ သန်းနဲ့ စုစုပေါင်း ၁၅ ဒသမ ၇၈ သန်းရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

3 days Ago

November 26, 2021

မြန်မာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၅၂၀,၀၀၀ ကျော်ရှိလာ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၄၈၀ ကျော်နဲ့ ရောဂါကူး စက်ခံရသူ စုစုပေါင်း ၅၂၀,၀၀၀ ကျော် ရှိလာခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၅ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အ များစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂၅,၈၁၅ ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၄၈၂ ယောက်တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၁ ဒ သမ ၈၇ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၇၀၈ ယောက်ရှိနေပြီး တရက်တည်း ထပ်မံသေဆုံးသူ ၉ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၅၂၀,၂၁၃ ယောက်နဲ့ သေဆုံးသူအရေအတွက်ကတော့ ၁၉,၀၅၈ ယောက် ရှိနေပါတယ်။

ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေနဲ့ နိုဝင်ဘာ ၂၃ ရက်နေ့အထိ ကာကွယ်ဆေး ၁ ကြိမ်ထိုး နှံပြီးသူ ၄ ဒသမ ၇ သန်း၊ ၂ ကြိမ်အပြည့်ထိုးနှံပြီးသူ ၁၁ ဒသမ ၀၁ သန်းနဲ့ စုစုပေါင်း ၁၅ ဒသမ ၇၈ သန်းရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

4 days Ago
More News
Up