စစ်ကိုင်းတိုင်း

May 2, 2021

စစ်ကိုင်းတိုင်းနေရာအနှံ့ ပြည်သူများ ဆန္ဒပြ၊ ဝက်လက်မြို့၌ စစ်တပ်က ပစ်ခတ်သဖြင့် ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မေလ ၂ ရက်နေ့က  အရုဏ်ဦးသပိတ်စစ်ကြောင်းနဲ့ နေ့လယ် သပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက အကြမ်းဖက် ဖြိုခွင်းတာတွေရှိခဲ့ပြီး ဆန္ဒပြပြည်သူတချို့ ဖမ်းဆီးခံရပါတယ်။ 

မုံရွာမြို့ခံလူထုက ဒီကနေ့ မနက်အစောပိုင်းစပြီး ဆိုင်ကယ်သပိတ်၊ ချီတက်လမ်းလျှောက်သပိတ်၊ စာရွက်သပိတ်၊ အနက်ရောင်တီရှပ်သပိတ် စတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်တွေကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဝက်လက်မြို့မှာတော့ ဆိုင်ကယ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံခဲ့ရပြီး ပြည်သူ  ၇ ဦး သေနတ်ထိမှန်ကာ ၂ ဦးကျဆုံးတယ်လို့ ကနဦးသိရပါတယ်။ မေလ ၂ ရက် ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့သပိတ်ကို မုံရွာတင်မက ဆားလင်းကြီး၊ ယင်းမာပင်၊ ရွှေဘို၊ ကလေး၊ ချောင်ဦးအပြင် စစ်ကိုင်းတိုင်းအတွင်း တခြားမြို့နယ်တွေမှာလည်း ပြုလုပ်ခဲ့ပါတယ်။

5 days Ago

April 1, 2021

စစ်ကိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားစနစ်ဖြင့် ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ အကြမ်းဖက် နှိမ်နှင်းမှုတွေအကြားက စစ်အာဏာရှင်ဆန့်ကျင်ရေးကို ပြောက်ကျားစနစ်နဲ့ ဧပြီ ၁ ရက် မနက်က  လူဦးရေ ၇၀၀ကျော်နဲ့  ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းမြို့မှာရှိတဲ့ စီတီးရပ်ကွက် ဈေးတန်းရပ်ကွက် ပုဂံရပ်ကွက် ဆွမ်းချက်ရပ်ကွက်တို့က  ပြည်သူလူထုတွေနဲ့ ကျောင်းသားကျောင်းသူတွေ စုပေါင်း‌ကာ ကောင်းမှုတော် ဘုရားကြီးအနီး  မှတဆင့် မုံရွာ-မန္တလေး လမ်းမကြီးပေါ်မှာ စီတန်းလှည့်လည့်ကာ ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြခဲ့ကြပါတယ်။     

စစ်ကိုင်းမြို့မှာ အရင်နေ့တွေကလည်း ဆိုင်ကယ်စီးသပိတ် လမ်းလျှောက်သပိတ်  အရုဏ်ဦးသပိတ် လူမဲ့သပိတ်တွေကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

စစ်ကိုင်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် မတ်လ ၂၇ ရက်နေ့ မှာ  ကိုဘော်ဘော် ၃၂နှစ် က ရင်ဘတ်ကျည်ထိမှန်ပြီး ကိုအာကာ ၂၄နှစ် ရဲ့ ဦးခေါင်းကိုလည်း ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းCJ  (Gz)

1 month Ago
More News
Up