စစ်ကိုင်းတိုင်

August 7, 2020

အိန္ဒိယပြန် ကိုဗစ်-၁၉ လူနာသစ် ၂ ဦးထပ်တွေ့  

အိန္ဒိယနိုင်ငံက ပြန်လာတဲ့ အမျိုးသား ၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံတန်း အတည်ပြုလူနာပေါင်း ၃၅၉ ဦးအထိရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီမနက် ထုတ်ပြန်ချက်အရ သိရပါတယ်။  အဆိုပါလူနာသစ်တွေကတော့ စစ်ကိုင်းတိုင်း ကလေးမြို့က အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့  ချင်းပြည်နယ် တီးတိန်မြို့နယ်က အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြပြီး တွန်းဇံမြို့နယ်မှာ  အသွားအလာစောင့်ကြပ်ခံထားရသူတွေ ဖြစ်ပါတယ်။ ဩဂုတ် ၅ ရက်နေ့ကလည်း  ချင်းပြည်နယ် တီးတိန်မြို့နယ်နေ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိခဲ့ပါတယ်။  မနေ့ညက အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်အဖြစ်) စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၄၄၀ ခုမှာ လူနာသစ် နှစ်ဦး တွေ့ရှိရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝန်းမှာ ဩဂုတ် ၇ ရက် မနက် ၈ နာရီအထိ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ပေါင်း ၃၅၉  ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၀၈ ဦးနဲ့ ဒီအထဲက  ၂၉၀ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။
12 months Ago

July 19, 2020

အာဇာနည်နေ့ အထိမ်းအမှတ် သောက်ရေသန့် နှင့် ပျိုးပင်များ စိုက်ပျိုး လှူဒါန်း (ဓာတ်ပုံ)

ဒီနေ့ကျရောက်တဲ့ ၇၃ နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာအချို့မှာ သဘာ၀စိမ်းအဖွဲ့က သောက်ရေသန့် နဲ့ အပင်တွေ စိုက်ပျိုး လှူဒါန်းခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းရှိ ၀က်သားပုပ် နဲ့ ရုန်းပင်ကန်ရွာတွေကို သောက်ရေသန့် ဂါလန် ၇၂၀၀‌ နဲ့ ပျိုးပင် ၁၅၀ တို့ကို စိုက်ပျိုး လှူဒါန်းခဲ့ကြတာပါ။ Photo - Kaung Zaw Hein / MPA
1 year Ago
More News
Up