စစ်ကိုင်း

May 6, 2021

စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်း

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ကို မြေပြင်မှာ နည်းပေါင်းစုံနဲ့ ဆန့်ကျင်ကာ ရပ်ရွာတွေကို ကာကွယ်ပေးသူတွေနဲ့ ချိတ်ဆက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းမှာဖြစ်တယ်လို့  တိုင်းတွင်းနေသူတွေက မေ ၅ ရက်က ကြေညာပါတယ်။

စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃၇ ခုက ဒေသခံပြည်သူတွေနဲ့ ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

အချက် ၇ ချက်ပါ ထုတ်ပြန်ချက်မှာတော့   အာဏာရှင်ဆန့်ကျင်တဲ့ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေကို စစ်အကြမ်းဖက်တွေရဲ့ အန္တရာယ်က ကာကွယ်ဖို့၊ စစ်အကြမ်းဖက်ကောင်စီကို ပြောက်ကျားစနစ်နဲ့ ဆန့်ကျင်ခုခံဖို့၊ လိုအပ်တဲ့လက်နက်ပစ္စည်းတွေကို မြို့နယ်ကာကွယ်ရေး တပ်ဖွဲ့တွေဆီ ပံ့ပိုးဖို့၊ NUG, CRPH, KIO/KIA တို့နဲ့ချိတ်ဆက်ပြီး ဝန်းကျင်တိုင်းနဲ့ပြည်နယ်တွေနဲ့ အတူတကွ တော်လှန်ရေးကို ဖော်ဆောင်ဖို့ စတဲ့အချက်တွေ ဖော်ပြထားပါတယ်။

18 hours Ago

May 5, 2021

“ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်” စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ မေလ ၅ ရက်က   CDM ဆရာ၊ ဆရာမတွေနဲ့ CDM ကျောင်းသူ၊ ကျောင်းသားတွေဟာ အကြမ်းဖက်စစ်အုပ်စု ဖွင့်လှစ်သင်ကြားမယ့် စစ်ကျွန်ပညာရေးစနစ်ကို အလိုမရှိကြောင်းနဲ့ ဖက်ဒရယ်ပညာရေးစနစ်ပေါ်ပေါက်ရေး ဆန္ဒပြခဲ့ ကြပါတယ်။

ဒါ့အပြင် ပညာရေးတြိဂံ “စိတ်ဓာတ်၊စည်းကမ်း၊ပညာ” အစား “ဖမ်းဆီး၊နှိပ်စက်၊သတ်ဖြတ်” ဆိုပြီး အဖြူအင်္ကျီပေါ် ဆေးနီနဲ့ရေးကာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

Photo-CJ

2 days Ago
More News
Up