စစ်ရေး

June 13, 2019

နိုင်ငံတောင်ပိုင်းကို ပစ်ခတ်သည့် အစ္စရေးဒုံးကျည် အများအပြားကို ဆီးရီးယား ပစ်ချ

နိုင်ငံတောင်ပိုင်းကို ပစ်ခတ်ခဲ့တဲ့ အစ္စရေးဒုံးကျည် အများအပြားကို ပစ်ချခဲ့တယ်လို့ ဆီးရီးယား နိုင်ငံပိုင်ရုပ်သံ SANA က ဇွန်လ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။ နိုင်ငံတောင်ပိုင်း တာအယ်ဟာလာမြို့ကို ပစ်ခတ်တဲ့ အစ္စရေးဒုံးကျည်တွေကို ဆီးရီးယား လေကြောင်းကာကွယ်ရေးက ပစ်ချခဲ့တာပါ။ အစ္စရေး သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ကနေ ကြည့်ရင် တာ အယ်ဟာလာမြို့ကို ဗျူဟာမြောက် တောင်ကုန်းအဖြစ် ယူဆထားပါတယ်။ ဆီးရီးယား အနောက်မြောက်ပိုင်းမှာတော့ ဇွန်လ ၁၀ ရက်နေ့ လေကြောင်းတိုက်ခိုက်မှု အတွင်း အရပ်သားအများစု အပါအဝင် ၂၅ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဒေသခံတွေနဲ့ အရပ်ဘက်ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။ ရုရှားဦးဆောင်တဲ့ လေကြောင်းထိုးစစ် သီတင်း ၆ ပတ်မြောက်မှာ အခုချိန်ထိ ရာနဲ့ချီတဲ့ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။ အီဒလစ်ပြည်နယ် မားရှုရင်နဲ့ ဂျက်ဘာလာမြို့တွေမှာ ကယ်ဆယ်ရေးဝန်ထမ်းတွေက အသက်ရှင်သူတွေကို ရှာဖွေပြီး အပျက်အစီးတွေကြားထဲက ရုပ်အလောင်းတွေကို ဆွဲထုတ်နေတဲ့ ဗွီဒီယိုဖိုင် ထွက်ပေါ်လာပါတယ်။ နောက်ဗွီဒီယိုဖိုင်တခုမှာတော့ နိုင်ငံမြောက်ပိုင်း ဟမ်မာမြို့ကို လေကြောင်းထိုးစစ် ဆင်နွှဲနေတာပါ။ အဲဒီ လေကြောင်းထိုးစစ်တွေဟာ အရပ်သားနေရာတွေကို ပစ်မှတ်ထားတယ်၊ အတိုက်အခံထိန်းချုပ်တဲ့ ဒေသတွေက နေ့စဉ် လူနေမှုဘဝတွေကို ပျက်ယွင်းအောင် လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဆီးရီးယားနဲ့ ရုရှားစစ်တပ်က ငြင်းဆိုပြီး သူတို့ဟာ အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်နေတာဖြစ်တယ်လို့ တုံ့ပြန်ပြောခဲ့ပါတယ်။
2 years Ago

March 29, 2019

ဂါဇာဒေသကို စစ်ဆင်ရေး လုပ်ရမည်ဆိုပါက အသင့်ဖြစ်ရန် အစ္စရေး ပြင်ဆင်ထား

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဂါဇာဒေသကို မဖြစ်မနေ စစ်ဆင်ရေး လုပ်ရမယ်ဆိုရင် အသင့်ဖြစ်အောင် ပြင်ဆင်ထားတယ်လို့ မတ်လ ၂၈ ရက်နေ့က ပြောလိုက်ပါတယ်။ အစ္စရေးရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာချိန် အစ္စရေး-ဂါဇာ နယ်စပ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် စစ်ရေးအခြေအနေ တင်းမာနေတာပါ။ ဧပြီ ၉ ရက် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် နေတန်ယာဟုအတွက် လုံခြုံရေးကဏ္ဍက အဓိက အရေးပါဆုံး ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ဝန်ကြီးချုပ်ရာထူး တာဝန်ထမ်းဆောင်နေတဲ့ နေတန်ယာဟုဟာ လက်ရှိမှာ အကျင့်ပျက်ခြစားတဲ့ စွဲချက်တွေနဲ့ စွပ်စွဲခံထားရပေမယ့် သူကတော့ ငြင်းဆိုထားပါတယ်။ ဒါ့အပြင် သူဟာ ဧပြီရွေးကောက်ပွဲအတွက် ဗိုလ်ချုပ်ဟောင်းတယောက် ဦးဆောင်တဲ့ ဗဟိုဝါဒီညွန့်ပေါင်းအဖွဲ့ရဲ့ အားကောင်းတဲ့ စိန်ခေါ်မှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။ မတ်လ ၂၅ ရက်နေ့က ဂါဇာဒေသကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ် စစ်သွေးကြွအဖွဲ့က အစ္စရေးဘက်ကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာကြောင့် တဲလ်အဗစ်မြို့မြောက်ပိုင်း ကျေးရွာတရွာမှာ အစ္စရေး ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒါကြောင့် အစ္စရေးစစ်တပ်ကလည်း ဂါဇာဘက်ကို ဒုံးကျည်တွေနဲ့ ပြန်ပစ်ခဲ့ပါတယ်။ လက်ရှိမှာ အစ္စရေးစစ်တပ်က ဂါဇာနယ်စပ်မှာ တင့်ကားတွေ တပ်ချပြီး အင်အားတိုးမြှင့်ထားပါတယ်။
2 years Ago
More News
Up