စစ်ဘေးရှောင်

April 19, 2019

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘူးသီး​တောင်​ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ ဧပြီ ၁၉ ရက် မနက်ပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကျေးရွာ ၃ ရွာက ဒေသခံတွေ ကြောက်လန့်ကာ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။ စံဂိုး​ထောင်​​ကျေးရွာက ထွက်​​ပြေးလာသူ ဦး​မောင်​သာ​ပျော့က "လက်​နက်​ကြီး​တွေ ပစ်ခတ်နေတာက နွားရုံတောင်ကျေးရွာနဲ့ တမိုင်ကျော်လောက်ဝေးကွာတဲ့ ထိပ်ထူးပေါက်ကပါ။ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေလို့ ကြောက်လန့်ကာ ထွက်ပြေးလာကြတာပါ" လို့​ ​ပြောပါတယ်​။ ထွက်​​ပြေးလာကြသူတွေကတော့ ဘူသီး​တောင်​မြို့နယ်​​တောင်​ပိုင်း စံဂိုးထောင်၊ နွားရုံတောင်နဲ့ ချရှားတောင်ကျေးရွာတွေက ကျေးရွာသူရွာသားတွေ ဖြစ်​ကြပါတယ်​။ ဧပြီ ၁၇ ရက်​​နေ့ကလည်း မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာမှာ လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ကျေးရွာရှိလူများ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရသလို သေနတ်​ဒဏ်​ရာ ရခဲ့တဲ့ သားဖနှစ်​ဦးကိုလည်း ဆေးရုံတင်​ထားရတယ်လို့ သိရပါတယ်။ ဧပြီ ၁၈ ရက်​​ ည​နေ ၃ နာရီ ၂၀ လောက်က ​ရ​သေ့​တောင်​မြို့နယ် အငူ​မော်​ ​မောင်​​တောကားလမ်း ​အေးရှားဝေါ ​ဆောက်​လုပ်​​ရေးရုံး လမ်း​ကွေအနီး ​ထိန်းချုပ်မိုင်း ၄ လုံး​ ပေါက်​ကွဲမှုကြောင့် ဒေသခံတွေ အငူ​မော်​​ရွာလုံးကျွတ် ဘုန်းကြီး​ကျောင်းမှာ ​ခိုလှုံခဲ့ကြရပါတယ်​။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေကြောင့် ရခိုင်စစ်ဘေးရှောင် ၂ သောင်းခွဲလောက် တိမ်းရှောင်နေကြပါတယ်။ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး ဝေဟင်ကနေ ပစ်ခတ်မှုတွေလည်း ရှိနေတာမို့ ဒေသခံတွေ စိုးရိမ်တကြီး ကြောက်လန့် ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။
3 years Ago

April 6, 2019

ရခိုင် စစ်ဘေးရှောင်အတွက် အလှူခံနေသည့်အဖွဲ့ကို ရဲတပ်ဖွဲ့ တားမြစ်

ရခိုင်ပြည်နယ် စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အလှူခံနေတဲ့ မျိုးဆက်ရင်းသွီးပရဟိတ လူငယ်များအသင်းကို ရဲတပ်ဖွဲ့တွေက လာရောက်တားမြစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ မျိုးဆက်ရင်သွီးပရဟိတလူငယ်များအသင်းက ရခိုင်စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူငွေနဲ့ စားနပ်ရိက္ခာထောက်ပံမှုတွေပြုလုပ်ဖို့ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီကျော်လောက်က စစ်တွေမြို့ မြို့မ ဈေးအနီး လာရောက်အလှူခံခဲ့တာပါ။ မျိုးဆက်ရင်သွီးပရဟိတလူငယ်များအသင်းခေါင်းဆောင် ကိုဝေယံက “ဘာမှမပြောမဆိုဘဲနဲ့ ကျနော်တို့ကို ဘလိုင်းကြီး လာတားတာ။ မင်းတို့မှာ ထောက်ခံစာတွေ ပါလားတဲ့ ကျနော်သွားယူပေးမယ်လို့ပြောတော့ မလိုဘူးတဲ့။ မင်းတို့ရဲစခန်းလာခဲ့လို့ ပြောတယ်။ ကျနော်တို့ ရပ်ကွက်အုပ်ချုပ်ရေမှူးတွေ၊ လူကြီးရဲ့ထောက်ခံမှုတွေ၊ ပြီးတော့ ဆရာတော် ဘုရားကြီးထောက်ခံမှုနဲ့ လာကောက်တယ်။ ဒီအထဲမှာ တက္ကသိုယ် ကျောင်းသားတွေ ရပ်ကွက်ရပ်ကွက်သားတွေအကုန်ပါတယ်ဗျ” လို့ပြောပါတယ်။ အခုလို အလှူခံဖို့အတွက် ပြည်နယ်အစိုးရဆီက ခွင့်ပြုချက်လိုတယ်လို့ အလှူခံအဖွဲ့ကို လာရောက်တားဆီးမှုတွေ ပြုလုပ်ခဲ့တဲ့ မှတ် ၁ ရဲစခန်းမှာ ရဲအရာရှိတဦးက ပြောပါတယ်။ “ခွင့်ပြုချက်လိုတယ်ဗျ။ အစိုးရဆီမှာ၊ ခွင့်ပြုချက်စာမပြနိုင်ဘူး၊ ဒီလောက်ပဲဗျ” လို့ ပြောပါတယ်။ အခုလို စစ်ဘေးရှောင်တွေအတွက် အလှူခံတွေကို လာရောက်မြစ်တားဟာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ လာရောက်အလှူခံရာမှာ ပါဝင်တက္ကသိုယ် ဒုတိယနှစ်ကျောင်းသား ကိုမိုးဝေကပြောပါတယ်။ “အခုစစ်ဘေးဒုက္ခသည်တွေကို ထမင်းငတ် ဟင်းငတ်တွေ ဖြစ်နေကြတယ်။ ကျနော်တို့ မကြည့်နိုင်ဘူး။ ကျနော်တို့မှာ နှလုံးသားရှိတယ်။ လူလူချင်းစာနာတွေ၊ ဒီဒုက္ခသည်တွေ ကျနော်တို့ မကူညီနိုင်ဘူးဆိုရင် ဘယ်သူတွေက လာပြီးကူညီမလဲ။ ဒီတားဆီးတာတော့ တော်တော်ကို ရှက်ဖို့ကောင်းတယ်။ ဒါလုံးဝမဖြစ်သင့်ဘူးလို့ပြောပါတယ်။” မျိုးဆက်ရင်သွီးပရဟိတ လူငယ်များအသင်းက တက္ကသိုယ်ကျောင်းသားတွေ အပါအဝင် ရပ်ကွက် တက်ကြွလှုပ်နေတဲ့လူငယ် ၄၀ လောက်ဟာ ဒီကနေ့ မနက်ပိုင်း ၇ နာရီအချိန်စပြီး စစ်တွေမြို့နယ် လှည်လည်အလှူခံနေကြတာ ဖြစ်ပါတယ်။ လက်တလောမှာတော့ ရဲတပ်ဖွဲ့တွေလာရောက် တားမြစ်မှုတွေကြောင့် မျိုးဆက်ရင်သွီးပရဟိတ လူငယ်များအသင်းက ထပ်မံအလှူခံတာတွေရပ်ပြီး ပြန်လှည့်သွားပါတယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေကြောင့် မြို့နယ် ၇ ခုလောက်မှာ စစ်ဘေးရှောင်ဒုက္ခသည်တွေ ၂ သောင်းကျော်နေပြီ ဖြစ်ပါတယ်။ သတင်း၊ဓာတ်ပုံ-ဝဏ္ဏခွာညို
3 years Ago
More News
Up