စစ်အင်အား

June 26, 2019

မော်စကိုတွင် ပြုလုပ်သည့် စစ်ဘက်ဆိုင်ရာပြပွဲတွင် ရုရှား စစ်အင်အား ပြသ

ရုရှားအစိုးရဟာ နှစ်စဉ်ကျင်းပနေကျ စစ်ဘက်ဆိုင်ရာပြပွဲကို မြို့တော် မော်စကိုမှာ ဇွန်လ ၂၅ ရက်က ပြုလုပ်ခဲ့ပြီး စစ်အင်အားပြခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၂၀ က ကိုယ်စားလှယ်တွေရှေ့မှာ တင့်ကားတွေ၊ အလိုအလျောက် ပစ်ခတ်နိုင်တဲ့ သေနတ်တွေ၊ ဒုံးကျည်ပစ် လောင်ချာတွေနဲ့ လေကြောင်းဆိုင်ရာ ထုတ်ကုန်တွေကို ပြသခဲ့ပါတယ်။ ရုရှား၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဘယ်လာရုစ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ တရုတ်၊ ပါကစ္စတန်၊ ထိုင်း၊ တူရကီနဲ့ တောင်အာဖရိက နိုင်ငံတွေက စစ်လက်နက်ပစ္စည်း လုပ်ငန်းတွေက နောက်ဆုံးပေါ် အဆင့်မြင့် တီထွင်မှုတွေကိုလည်း ခင်းကျင်းပြသခဲ့ပါတယ်။ ရုရှားနိုင်ငံထဲက သိပ္ပံနဲ့နည်းပညာ တိုးတက်မှု နှေးအောင်လို့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ထားပေမယ့် ကာကွယ်ရေးလုပ်ငန်းဟာ ခိုင်ခိုင်မြဲမြဲ ရပ်တည်နေရုံမက အပြုသဘော အရှိန်အဟုန်နဲ့ တိုးတက်နေတာကို ကျနော်ပြချင်တယ်။ ဒီအကြောင်း ကျနော်တို့ ဧည့်သည်တွေနဲ့ မိတ်ဘက်တွေကို ဖိုရမ်ထဲမှာ သေချာအောင် ပြောသွားမှာပါ" လို့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂီလ် ရွှိုင်းဂူက ပြောပါတယ်။ ၂၀၁၉ စစ်ဘက်ဆိုင်ရာပြပွဲမှာ စစ်ရေးစွမ်းရည် ပြပွဲတွေနဲ့ ညီလာခံတွေကို ဇွန်လ ၃၀ ရက်ထိ ပြသသွားမှာ ဖြစ်ပါတယ်။
2 years Ago

December 24, 2018

တူရကီအစိုးရက ဆီးရီးယားနယ်စပ်တွင် စစ်အင်အား ဖြည့်တင်း

တူရကီအစိုးရဟာ ဆီးရီးယားနိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ နှစ်ဖက်စလုံးမှာ ဒီဇင်ဘာ ၂၃ ရက်က သူ့တပ်တွေကို အားဖြည့်နေတယ်လို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေက ပြောပါတယ်။ ဆီးရီးယားနိုင်ငံထဲကနေ အမေရိကန်တပ်တွေ ပြန်ဆုတ်ခွာရေး ညှိနှိုင်းဆောင်ရွက်ဖို့ တူရကီ အစိုးရနဲ့ အမေရိကန် အစိုးရတို့ သဘောတူခဲ့ပါတယ်။ ဟာတေပြည်နယ် ခိရိခန်းခရိုင်ထဲက ဆီးရီးယားနယ်စပ်ဆီကို သွားဖို့ တူရကီ ကွန်မန်ဒိုတွေ အသင့်ဖြစ်နေပြီး နိုင်ငံသားတွေက အောင်ပွဲခံဖို့ ခရာမှုတ်နေတာကို ရိုက်တာ မျက်မြင်သက်သေက မြင်ခဲ့တာပါ။ တင့်ကားတွေ၊ ဟောင်ဝစ်ဇာ အမြောက်တွေနဲ့ စက်သေနတ်တွေ အပါအဝင် ရာနဲ့ချီတဲ့ ကားတွေဟာ တူရကီတောင်ပိုင်းက ကီလစ်နယ်စပ်ခရိုင်ဆီ ဦးတည်သွားနေတယ်လို့ မျက်မြင်သက်သေက ပြောပါတယ်။ အမေရိကန်တပ်တွေ ပြန်ဆုတ်ခွာဖို့ ဆုံးဖြတ်အပြီးမှာ ဆီးရီးယားမြောက်ပိုင်းက ယူဖရေးတီးစ်မြစ် အရှေ့ဘက်မှာရှိနေတဲ့ ကာဒစ်ရှ် YPG ပြည်သူ့စစ်တွေအပေါ် စစ်ဆင်ရေးလုပ်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းမယ်၊ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်မယ်လို့ တူရကီသမ္မတ တေယစ် အာဒိုဂံက ပြောပါတယ်။ အာဒိုဂံနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ တနင်္ဂနွေနေ့က ဖုန်းပြောခဲ့တယ်၊ အမေရိကန်တပ်တွေ ဆီးရီးယားက ထွက်သွားချိန်မှာ မင်းမဲ့စရိုက် စိုးမိုးတာကို ဟန့်တားရေး စစ်ဘက်နဲ့ သံတမန်ရေး ညှိနှိုင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ တူရကီ သမ္မတရုံးက ပြောပါတယ်။
2 years Ago
More News
Up