စင်္ကာပူ

May 14, 2020

စင်္ကာပူအစိုးရ ရွှေ့ပြောင်းလုပ်သား ၃ သိန်းကျော်ကို စစ်တပ်အကူအညီဖြင့် ဆေးစစ်နေ

စင်္ကာပူအစိုးရဟာ နိုင်ငံအတွင်း နေထိုင်တဲ့ ရွှေ့ပြောင်းလုပ်သား အယောက်  ၃၂၃, ၀၀၀ ကို COVID-19 ရောဂါကူးစက်မှု ရှိမရှိ သိရှိရဖို့  စင်ကာပူတပ်မတော်ရဲ့ မိုဘိုင်းဓာတ်ခွဲခန်းကားကို အသုံးပြုပြီး ဆေးစစ်ပေးနေပါတယ်။ စစ်တပ်လူနာတင်ယာဉ်ကို ဓာတ်ခွဲခန်းအဖြစ် ပြင်ဆင်ထားပြီး မိုဘိုင်းဓာတ်ခွဲခန်းမှာ ဆရာဝန်တွေက လူတွေကို သွေး၊ သလိပ်နမူနာယူ ဓာတ်ခွဲပေးပြီး စစ်ဆေးပြီးကြောင်း လက်မှတ် ထုတ်ပေးနေပါတယ်။ ရွေ့လျားစစ်ဆေးစခန်းမှာ  မွမ်းမံထားတဲ့ စစ်ဘက်လူနာတင်ယာဉ် ပါဝင်ပြီး ယာဉ်နောက်ဘက်မှာ လက်အိတ်တွေနဲ့  ပလက်စတစ် အကာအရံတွေ တပ်ထားပါတယ်။   အဲဒီယာဉ်ကို ကာကွယ်ရေးဝန်ကြီးဌာနက  ကာကွယ်ရေးနည်းပညာတက္ကသိုလ်နဲ့ ST Engineeringလုပ်ငန်းတို့က အင်ဂျင်နီယာတွေ ပူးပေါင်း တည်ဆောက်ခဲ့တာပါ။   ဒီရွေ့လျားဓာတ်ခွဲခန်းယာဉ်က ၁၅ မိနစ်အတွင်း အလုပ်လုပ်နိုင်တယ်လို့ စင်္ကာပူ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ စစ်အင်ဂျင်နီယာတွေက လူနာတွေရဲ့ သတင်းအချက်အလက်တွေကို စကန်ဖတ်ပြီး ဆေးစစ်ချက်တွေ ပြန်ထုတ်ပေး နိုင်အောင် ဖန်တီးထားပါတယ်။  စင်္ကာပူအစိုးရဟာ ရွှေ့ပြောင်းလုပ်သား ၃၂၀၀၀၀ ကျော်စလုံးကို ဆေးစစ်ဖို့ စီစဉ်ထားတယ်လို့  မေ ၁၂ ရက်ကထဲက ထုတ်ပြန်ထားပါတယ်။
12 months Ago
Up