စင်ကာပူ

February 16, 2021

မြန်မာ့အခြေအနေစိုးရိမ်ဖွယ်ဖြစ်သော်လည်း ဒဏ်ခတ်ပိတ်ဆို့ရန်မလိုအပ်ဟု စင်ကာပူပြော

စစ်တပ်က အာဏာသိမ်းပြီးနောက် လတ်တလော မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စိုးရိမ်စရာဖြစ်ပေမယ့် ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့ ထောက်ခံအားပေးသွားမှာမဟုတ်ဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဝန်ကြီး ဗီဗီယန်ဘာလာခ်ရစ်ရှ်နန်က သူ့အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က တည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ် ပေးဖို့နဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့ မျှော်လင့် တယ်လို့ ပြောလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ အဓိကရင်းနှီးမြုပ်နှံဘက်နိုင်ငံတနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံအနေနဲ့ ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ အစိုးရ၀န်ထမ်းတွေကို ဖမ်းဆီးတာတွေ၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်တာတွေအပါအဝင် မြို့တွင်းလမ်းမတွေပေါ် သံချပ်ကာကားတွေနဲ့ တပ်ဖြန့်ချထားတာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်းလည်း ဘာလာခ်ရစ်ရှ်နန်က ပြောပါတယ်။

“ဒါတွေဟာ စိုးရိမ်စရာကောင်းတဲ့ အနေအထားပါပဲ။ အာဏာပိုင်တွေအနေနဲ့ ဒီ အခြေအနေကို အကောင်းဆုံးနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်၊ လက်နက်မဲ့ အရပ်သားတွေကို အကြမ်းဖက်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ကျနော်တို့အနေနဲ့ ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုမျိုးဖြစ်လာစေဖို့ မျှော်လင့်ပါတယ်”

နိုင်ငံခြားတိုင်းပြည်တွေက ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေဟာ မြန်မာပြည်သူတွေကိုပဲ ထိခိုက်စေလိမ့်မှာဖြစ်ပြီး ဒါနဲ့ပတ်သက်ပြီး ဂျာမနီအပါအဝင် အနောက်နိုင်ငံတွေနဲ့  ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ကြောင်းလည်း သူက ဆိုပါတယ်။

လတ်တလောမှာတော့ အမေရိကန်၊ ဗြိတိန်တို့အပါအဝင် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ စီးပွားရေးအရ ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုတွေလုပ်ဆောင်ဖို့ ကြေညာခဲ့ကြတာပါ။

“ကျနော်တို့က ယေဘုယျအားဖြင့် ဒဏ်ခတ်အရေးယူ ပိတ်ဆို့မှုတွေ ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်တာကို မစသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါက မြန်မာနိုင်ငံက အရပ် သားပြည်သူတွေ အများဆုံးထိခိုက်ခံရမှာ ဖြစ်လို့ပါပဲ”

Photo-Reuters

3 months Ago

January 29, 2021

စင်ကာပူတွင် လူပေါင်း ၁၁၃,၀၀၀ ကျော် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး

စင်ကာပူနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် လူပေါင်း ၁၁၃,၀၀၀ ကျော်ကို ထိုးပေးပြီး ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လူပေါင်း ၅၀ ကျော်ကတော့ ဒုတိယအကြိမ် ထိုးပေးထားပြီး ကာကွယ်ဆေးအပြည့် အဝ ရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ဆက်လက်လုပ် ဆောင်နေပြီး လာမယ့် သီတင်းပတ်တွေအတွင်းမှာတော့ ထပ်မံတိုးမြှင့်ထိုးပေးနိုင်မှာဖြစ် တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးမယ့် နေရာတွေလည်း သတ်မှတ်ထားရှိပြီးဖြစ် ကာ သက်ကြီးရွယ်အိုတွေအနေနဲ့ ပြည်သူ့ကျန်းမာရေးဆေးခန်း ၂၁ ခုနဲ့ ဆေးခန်း ၉ ခုတို့ မှာ ကာကွယ်ဆေးထိုးနိုင်မှာ ဖြစ်ပါတယ်။

လာမယ့် တနင်္လာနေ့က စတင်ကာ စင်ကာပူနိုင်ငံတဝန်း ဆေးခန်းပေါင်း ၂၀ မှာ ကာကွယ်ဆေးထိုးပေးနိုင်မှာဖြစ်ပြီး ပထမနေ့မှာတင် လူပေါင်း ၂၅၀ ကို ကာကွယ် ဆေးထိုးပေးခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

သက်ကြီးရွယ်အိုတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံဖို့ မှတ်ပုံတင်တာတွေ ပြုလုပ်လာကြဖို့ ဝန်ကြီးဌာနက နှိုးဆော်ထားပြီး လာမယ့်ရက်တွေမှာ ပိုမိုပါဝင်လာကြ မယ်လို့ မျှော်လင့်ထားပါတယ်။

       စင်ကာပူကျန်းမာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့အနေနဲ့ ကို ဗစ်-၁၉ ကာကွယ်ဆေး Pfizer-BioNTech ထိုးနှံရာမှာ ဘေးကင်းလုံခြုံမှုရရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

  “ကာကွယ်ဆေးထိုးနှံသူ ၁၁၃,၀၀၀ ကျော်ထဲက ၄၃၂ ယောက်မှာ ဆေးထိုးတဲ့ နေရာမှာ နာကျင်ရောင်ရမ်းတာတွေ၊ အဖျားတက်တာ၊ ခေါင်းကိုက်တာတွေ၊ ပင်ပန်းနွမ်း နယ်တာ၊ ကိုယ်ခန္ဓာနာကျင်တာတွေစတဲ့ ယေဘုယျရောဂါလက္ခဏာတွေ ကြုံတွေ့ခဲ့ရပြီး ဒါတွေဟာ ကာကွယ်ဆေးအားလုံးနဲ့ ဆက်နွှယ်တဲ့ တုံ့ပြန်မှုတွေဖြစ်ပြီး ရက်ပိုင်းအတွင်း လောက်ပဲဖြစ်ပါတယ်”

       ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနိုင်မယ့် ဆေးခန်းတွေကို လာမယ့် သီတင်းပတ်တွေအတွင်းမှာ လူနေထူထပ်တဲ့ နေရာတွေ၊ သွားလာရ လွယ်ကူတဲ့ နေရာတွေမှာ တိုးမြှင့်သွားဖို့ရှိနေပြီး စုစုပေါင်း ကာကွယ်ဆေးထိုးစင်တာ အခု ၄၀ ရှိကာ တခုစီမှာ တရက်ကို လူပေါင်း ၂,၀၀၀ ကို ဆေးထိုးပေးနိုင်တယ်လို့ ဆိုပါတယ်။

4 months Ago
More News
Up