Warning: mysqli_query(): MySQL server has gone away in /var/www/html/burmese.dvb.no/dvb2020/wp-includes/wp-db.php on line 2056

Warning: mysqli_query(): Error reading result set's header in /var/www/html/burmese.dvb.no/dvb2020/wp-includes/wp-db.php on line 2056

စက်ဘီးစီးအဖွဲ့

December 12, 2020

အမေရိကန်တွင် စက်ဘီးစီးအဖွဲ့နှင့် ထရပ်ကားတိုက်မှုကြောင့် ၅ ဦး သေဆုံး

အမေရိကန်နိုင်ငံ၊ နီဗားဒါးပြည်နယ် အဝေးပြေးလမ်းမတစ်ခုပေါ်မှာ စက်ဘီးစီးအဖွဲ့တစ်ဖွဲ့နဲ့ ထရပ်ကား တိုက်မိလို့ စက်ဘီးစီးသူ ၅ ယောက် သေဆုံးပြီး ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။  သေဆုံးဒဏ်ရာရသူတွေဟာ စက်ဘီးစီးဖော်တစ်ဦး အနားယူတာကို ဂုဏ်ပြု ပြုလုပ်တဲ့ စက်ဘီးစီးပွဲမှာ ပါဝင်သူတွေထဲက ဖြစ်ပါတယ်။  ဒီအတွက် စက်ဘီးစီးသူ နှစ်ဒါဇင်နီးပါး ပါဝင်တဲ့အဖွဲ့ဟာ နီဗါးဒါးကနေ ကယ်လီဖိုးနီးယား အထိ မိုင် ၁၃၀ စက်ဘီးစီးပွဲမှာ ပါဝင်ကြတယ်လို့ ရေနိုဂေဇက်ဂျာနယ်က ဆိုပါတယ်။  လမ်းပခုံးမှာ နင်းကြတဲ့ စက်ဘီးသမားတွေဟာ လေပြင်းတိုက်လို့ အတော်များများက  ယာဉ်ထိန်းကားနောက်ကို ပြောင်းပြီး နင်းခဲ့ကြပါတယ်။ သူတို့ကို လမ်းမကနေ ရုတ်တရက်ကွေ့ပြီး လမ်းပခုံးပေါ် တက်လာတဲ့ ထရပ်ကားက နောက်ကနေ ဝင်တိုက်ခဲ့တာပါ။ ဒီကားတိုက်မှုမှာ ထရပ်ကားဒရိုင်ဘာ ဒဏ်ရာမရခဲ့ပေမဲ့ ဘာကြောင့် ကားကို ရုတ်တရက် ကွေ့လိုက်လဲဆိုတာ သေချာမသိရသေးဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။
5 months Ago
Up