ငါန်းဇွန်မြို့နယ်

September 26, 2021

ငါးဇွန်မြို့နယ်တွင် Mytel ဝါတာတိုင် ဖောက်ခွဲခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ခေါင်းဘိုရွာအနီးက စစ်တပ်ပိုင်  Mytel တာဝါတိုင်ကို စက်တင်ဘာ  ၂၆ ရက် ဒီနေ့မနက်အစောပိုင်း  ၂ နာရီဝန်းကျင်လောက်က ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ကျေးရွာသားတဦးက “'ညက အုန်းဆိုတဲ့ အသံကြီး ကြားလိုက်ရတယ်။ မနက်ကမှ မိုင်တဲတာဝါတိုင်ကို ဖောက်ခွဲသွားတယ်လို့ ပြောနေကြတာ။ ဘယ်သူတွေ လုပ်သွားတယ်ဆိုတာ ကျနော်တို့လည်း မသိဘူး။ ဒီနယ်မှာ PDF မရှိဘူးလေ” လို့ ပြောပါတယ်။

အဆိုပါ ဖျက်ဆီးခံလိုက်ရတဲ့ Mytel တာဝါတိုင်နေရာကို စစ်ကောင်စီတပ်သားတွေ လာရောက်ရာမှာ စစ်ကား ဗွက်နစ်ခဲ့တယ်လို့လည်း သိရပါတယ်။ စစ်ကားလာရောက်စဉ်  ဒေသခံလူငယ်တွေကတော့ စိုးရိမ်လွန်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပါတယ်။

ငါန်းဇွန်မြို့နယ်မှာ Mytel ဝါတာတိုင် ဖျက်ဆီးခံရတာဟာ ပထမဆုံးဖြစ်ပြီး ဘယ်အဖွဲ့ကမှ သူတို့လက်ချက်လို့ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

2 mins Ago

September 10, 2021

ငါန်းဇွန်မြို့နယ် ကျေးရွာများတွင် အပြစ်မဲ့ပြည်သူအချို့ ဖမ်းဆီးခံနေရ

မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အပြစ်မဲ့ပြည်သူတချို့ ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၉ ရက် ည ၁၂ နာရီအချိန်မှာ ငါန်းမြာရွာက ၁ ဦး၊ မိုးထောင်ရွာက  ၄ ဦးတို့ကို စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်တွေနဲ့ အိမ်တံခါးတွေကိုဖျက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။

“ဖမ်းဆီးခံရသူတွေက သာမာန် အရပ်သားတွေပါ။ မတရားဖမ်းဆီးတာပါ။ ဖမ်းဆီးခံရတာက အရွယ်ကောင်း ယောကျ်ားလေးတွေဖြစ်တော့ အနီးနားက ဒေသခံတွေကတော့ ဒါကို ပေါ်တာဆွဲတယ်ဆိုပြီးတောင်  ပြောဆိုကြတာရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ မိုးထောင်ရွာ ၁ ဦး ဖမ်းဆီးပြီး မနက်ပိုင်း ၁၁ နာရီလောက်မှာ ၂ ဦးတို့ကို ထပ်မံ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့အထဲမှာ စစ်ကောင်စီကခန့်ထားတဲ့ မိုးထောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ ကိုသက်ခိုင်လည်း ပါဝင်ပြီး ဘယ်အကြောင်းကြောင့် ဖမ်းဆီးခံရလဲဆိုတာ မသိရဘူးလို့ ဆိုကြပါတယ်။

အခုလို အပြစ်မဲ့ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက မတရားဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် ကျေးရွာတချို့က ရွာသားများ ဘေးလွတ်ရာ ရှောင်တိမ်းရှောင်နေကြရပါတယ်။

2 weeks Ago
More News
Up