ငလျင်လှုပ်

December 30, 2020

ခရိုအေးရှားမြို့တော် လာဂရက်အနီး မြေငလျင်လှုပ် 

ခရိုအေးရှားနိုင်ငံ မြို့တော် လာဂရက်အနီးမှာ  ဒီဇင်ဘာလ ၂၉ ရက်က  ပြင်းအား  ရစ်ချ်တာစကေး  ၆ ဒသမ ၄ အဆင့်ရှိတဲ့  မြေငလျင်တစ်ခု မြေအောက်အနက် ၁၀ ကီလိုမီတာကနေ လှုပ်ခတ်သွားခဲ့တယ်လို့ GFZ  ဂျာမန်ဘူမိသုတေသန စင်တာက ပြောပါတယ်။ N1 သတင်းချန်နယ်ကတော့  လာဂရက်ကနေ ကီလိုမီတာ ၅၀ အကွာ ပတ်ထရီနာမြို့ကို ဗဟိုပြုလှုပ်ခဲ့တယ်လို့   ထုတ်လွှင့်သွားပါတယ်။ မြေငလျင်ကြောင့်  ထိခိုက်ပျက်စီးမှုအခြေအနေနဲ့ သေဆုံးဒဏ်ရာရသတင်းကို မသိရသေးပါဘူး။  ဒီဇင်ဘာ ၂၈ ရက်ကလည်း ခရိုအေးရှားနိုင်ငံအလယ်ပိုင်း ပတ်ထရီနာမြို့ အနီးမှာ ပြင်းအား ၅ ဒသမ ၂ ရှိတဲ့ မြေငလျင် လှုပ်ခဲ့ပါတယ်။ မတ်လတုန်းကလည်း ပြင်းအား ၅ ဒသမ ၃ အဆင့်ရှိ မြေငလျင်ဟာ လာဂရက်မှာလှုပ်ခဲ့ပြီး လူတစ်ယောက်သေဆုံးကာ ၂၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။
6 months Ago

December 7, 2020

မတူပီမြို့တွင် အင်အား ၃ ဒသမ ၇ အဆင့်ရှိ မြေငလျင်လှုပ်

ချင်းပြည်နယ် မတူပီမြို့မှာ မနေ့ညက အင်အား ၃ ဒသမ ၇ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၁ နာရီ၊ ၀၉ မိနစ်၊ ၁၃ စက္ကန့်အချိန်က မတူပီမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် ၁၇ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၁.၈၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၃၉ ဒီဂရီ၊ အနက် ၃၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
6 months Ago
More News
Up