ငလျင်ကြောင့် နိုင်ငံဝန်း ဘုရားစေတီ ၄၇၇ ဆူ ထိခိုက်ပျက်စီး

August 27, 2016

ငလျင်ကြောင့် နိုင်ငံဝန်း ဘုရားစေတီ ၄၇၇ ဆူ ထိခိုက်ပျက်စီး

သြဂုတ် ၂၄ ရက် ညနေပိုင်းက လှုပ်ခဲ့တဲ့ ပြင်းအားကြီး ငလျင်ကြောင့် နိုင်ငံတ၀န်း ဘုရားပုထိုးစေတီပေါင်း ၄၇၇ ဆူ ထိခိုက်ပျက်စီးခဲ့တယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦး စီးဌာနက သတင်းထုတ်ပါတယ်။ ဒေသအလိုက်ကြည့်ရင် မန္တလေးတိုင်း၊ ပုဂံမှာ ဘုရားစေတီ ၃၉၇ ဆူ၊ မကွေးတိုင်း၊ စလေဒေသ/ဆားလယ်ဒေသမှာ ဘုရား ၃၅ ဆူ၊ ပခန်းငယ်ဒေသမှာ ဘုရား  ၂၇ ဆူ၊ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းဒေသမှာ ဘုရား ၁၃ ဆူ၊ ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသမှာ ဘုရား ၅ ဆူ အသီးသီး ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up