ဂျွန်ဆင်

March 3, 2015

အသက်မပြည့် မိန်းကလေးနှင့် လိင်ဆက်ဆံသည့် စွဲချက်ဖြင့် ဆန်းဒါးလန်း ကစားသမား ဖမ်းခံရ

အင်္ဂလိပ် ပရီးမီးယားလိဂ်က ဆန်းဒါလန်းကလပ်အသင်း ကစားသမား အဒမ် ဂျွန်ဆင်ဟာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တဦးနဲ့ လိင်ဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး ခံထားရပါတယ်။ [caption id="attachment_83987" align="alignright" width="300"]ဓာတ်ပုံ (ရိုက်တာ) ဓာတ်ပုံ (ရိုက်တာ)[/caption] ဘောလုံးသမား နာမည်ကို မဖော်ပြဘဲ အသက် ၂၇ နှစ် အမျိုးသားတယောက်က အသက် ၁၆ နှစ်အောက် အမျိုးသမီးတဦးနဲ့ လိင်ဆက်ဆံတယ်လို့ သံသယရှိတဲ့ အတွက် ဖမ်းဆီးခဲ့တယ်လို့ ဒါဟန် ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေစဉ်အတွင်းမှာ ဂျွန်ဆင်ကို ဆန်းဒါးလင်းအသင်းမှာ ဘောလုံးကစားနေတာကို ရပ်ဆိုင်းထားလိုက်ပါတယ်။ သူဟာ ၂၀၁၂ မှာ မန်စီးတီးကနေ ပေါင် ၁၀ သန်းနဲ့ ဆန်းဒါးလန်းကို ရောက်ရှိလာခဲ့တာပါ။ ဂျွန်ဆင်ဟာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ၁၂ ပွဲ ကစားပေးထားပါတယ်။
6 years Ago
Up