ဥရောပအသင်းကြီးတွေက ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ရေးဗားပလိတ်အသင်းရဲ့ အာဂျင်တီးနား လက်ရွေးစင်ကြယ်ပွင့်တိုက်စစ်မှူး ဂျူလီယန်အယ်လ်ဗာရက်ဇ်ကို ရီးရဲလ်အသင်းက ခေါ်ယူဖို့ စီစဉ်နေတာလို့ သိရပါတယ်။
အသက် ၂၁ နှစ် အရွယ် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ရီးရဲလ်အပြင် ဂျူဗင်တပ်စ်၊ ဖီအိုရင်တီးနား၊ အေစီမီလန်နဲ့ လေဗာကူဆင်တို့က စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
အယ်လ်ဗာရက်ဇ်ဟာ ရေးဗားပလိတ်အသင်းအတွက် ၄ ရာသီအတွင်း ပြိုင်ပွဲစုံ ၉၀ ပွဲကစားရာမှာ ၃၁ ဂိုး သွင်းယူကာ ၂၁ ဂိုး ဖန်တီးပေးခဲ့ပါတယ်။