ဂျူဗစ်တပ်စ်

December 9, 2020

ဂျူဗစ်တပ်စ်ကို ၃ ဂိုးပြတ် ရှုံးသည့်ပွဲတွင် ကစားသမားများ ယုံကြည်မှု ပျောက်နေဟု ဘာစီလိုနာနည်းပြ ဝေဖန်

ဘာစီလိုနာအသင်းဟာ ယုံကြည်မှုနဲ့ တိုက်ပွဲဝင်စိတ်ဓာတ် ပျောက်ဆုံးနေတယ်လို့ နည်းပြ ရော်နယ်ကိုးမန်းက ဝေဖန်လိုက်ပါတယ်။ ဒီနေ့မနက်အစောပိုင်းက ကန်သွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလိုနာက ဂျူဗင်တပ်စ်အသင်းကို အိမ်ကွင်းမှာ ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်နဲ့ပတ်သက်ပြီး ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ်မှာ နည်းပြ ကိုးမန်းက မကျေမနပ်ဖြစ်နေတာပါ။  ဒီပွဲမှာ စီရော်နယ်ဒိုက ပင်နယ်တီကနေတဆင့် ၂ ဂိုးသွင်းယူပေးခဲ့ပြီး ဂျူဗစ်တပ်စ်အသင်းဟာ အုပ်စုဗိုလ်အဖြစ် ချန်ပီယံလိဂ် နောက်တဆင့် ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။  ဂျူဗင်တပ်စ်အသင်းနဲ့ ပွဲစဉ်မှာ ယုံကြည်မှုနဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေ ပျောက်ဆုံးနေတဲ့ အသင်းကို မြင်တွေ့ရတာက စိုးရိမ်စရာကောင်းတယ်လို့ နည်းပြ ရော်နယ်ကိုးမန်းက ပြောပါတယ်။  ချန်ပီယံလိဂ်မှာ အရေးပါတဲ့အချိန် ရောက်ရှိနေလို့ လက်ရှိ ခြေစွမ်းအပေါ် စိုးရိမ်မိပြီး အကောင်းဆုံးခြေစွမ်းရရှိဖို့ ဆက်လက် ကြိုးပမ်းသွားရမှာဖြစ်တယ်လို့ ကိုးမန်းက ပြောပါတယ်။  အသင်းလူစာရင်းက လုံလောက်တဲ့ အရည်အသွေးရှိတာကြောင့် ကစားသမားတစ်ဦးချင်းက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြသနိုင်ဖို့ လိုအပ်တယ်လို့လည်း ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက သုံးသပ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ စပိန် လာလီဂါမှာလည်း ကာဒစ်ကို ရှုံးနိမ့်ခဲ့ပြီး ၂ ပွဲဆက် ရှုံးပွဲ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။
5 months Ago
Up