ဂျူဗင်တပ်

November 6, 2020

ပေါ့ဘာအပြောင်းအရွှေ့ကိစ္စပြောရန် အချိန်စောသေးဟု ဂျူဗင်တပ်ဒါရိုက်တာပြော

မန်ယူကွင်းလယ်လူ ပေါ့ဘာရဲ့ အပြောင်းအရွှေ့ကိစ္စ ပြောဖို့ စောသေးကြောင်း ဂျူဗင်တပ်အသင်း ဒါရိုက်တာ ပါရာတီစီက မှတ်ချက်ပေးလိုက်ပါတယ်။  ပေါ့ဘာဟာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိတာကြောင့် ဝေဖန်ခံနေရပြီး အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းတွေပြန်လည် ထွက်ပေါ်နေတာပါ။  ပေါ့ဘာနဲ့သတင်းထွက်ပေါ်နေတဲ့အသင်းတွေထဲမှာ ဂျူဗင်တပ်အသင်းလည်း ပြန်လည်ပါဝင် နေတာပါ။  အသင်းအားကစား ဒါရိုက်တာ ပါရာတီစီကတော့ ပေါ့ဘာဟာ လက်ရှိအချိန်မှာ ယူနိုက်တက် ကစားသမားဖြစ်ပြီး သူ့ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ပြောဖို့ စောသေးတယ်လို့  စကိုင်းစပေါ့ အီတလီယာနဲ့ အင်တာဗျူးမှာ မှတ်ချက်ပေးခဲ့တာပါ။  ပေါ့ဘာဟာ ၂၀၁၂ ကနေ ၂၀၁၆ ခုနှစ်အထိ ဂျူဗင်တပ်မှာ ကစားခဲ့ပြီး စုစုပေါင်း ၁၇၈ပွဲမှာ ၃၄ဂိုးသွင်းပြီး အကြိမ်၄၀ ဂိုးဖန်တီးပေး နိုင်ခဲ့ပါတယ်။
9 months Ago

October 2, 2020

ချန်ပီယံလိဂ်၌ ဘာစီလိုနာနှင့် ဂျူဗင်တပ် တအုပ်စုတည်း တွေ့ဆုံ

ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲပွဲကို အောက်တိုဘာ ၁ ရက်က ကျင်းပခဲ့ရာမှာ ဘာစီလိုနာနဲ့ ဂျူဗင်တပ်တို့ တအုပ်စုတည်း တွေ့ဆုံခဲ့ပါတယ်။ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုတို့ ပြန်လည်တွေ့ဆုံ ကြမှာ ဖြစ်ပါတယ်။  အသက် ၃၅ နှစ်ရှိ ရော်နယ်ဒိုက ချန်ပီယံလိဂ်မှာ ဂိုး ၁၃၀ နဲ့ စံချိန်တင်ထားပြီး အသက် ၃၃ နှစ်ရှိ မက်ဆီက ၁၁၅ ဂိုး နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။  သူတို့ ၂ ဦးဟာ ချန်ပီယံလိဂ်သမိုင်းမှာ ၅ ကြိမ်ထိပ်တိုက်ဆုံခဲ့ဖူးပြီး ၂၀၁၁ ခုနှစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့ပေါင်း ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ဂျူဗင်တပ်တို့ပါဝင်တဲ့ အုပ်စု  G မှာ ဒိုင်နမိုကိဗ်နဲ့ဟန်ဂေရီကလပ် ဖာရန်ဗားရို့စ်တို့လည်း တအုပ်စုတည်း တွေ့ဆုံခဲ့ပါတယ်။  အုပ်စု A မှာ ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကို၊ ဆဲလ်ဘက်နဲ့ လိုကိုမိုးတစ် မော်စကို၊ အုပ်စု B မှာ ရီးရဲလ်မက်ဒရစ်၊ ရှက်တာဒိုးနက်၊ အင်တာမီလန်နဲ့ မိုချန်ဂလာဘက်တို့ တွေ့ဆုံ ပါတယ်။  အုပ်စု C မှာ  ပေါ်တို၊ မန်စီးတီး၊ အိုလံပီယာကော့စ်နဲ့ မာဆေး။ အုပ်စု D မှာ လီဗာပူး၊ အေဂျက်ဇ်၊ အက်တလန်တာနဲ့ မစ်ဂျယ်လန်းတို့ တွေ့ဆုံပါတယ်။  အုပ်စု E မှာ  ဆီဗီလာ၊ ချဲလ်ဆီး၊ ခရက်စ် နိုဒါနဲ့ ရင်းနက်စ်။ အုပ်စု F မှာ ဇင်းနစ်၊ ဒေါ့မွန်၊ လီဇီယိုနဲ့ ကလ်ဘရုဂျက်။ အုပ်စု H မှာ ပီအက်စ်ဂျီ၊ မန်ချက်စတာယူနိုက်တက်၊ လိုက်ဇစ်နဲ့ အစ္စတန်ဘူလ်တို့ တွေ့ဆုံခဲ့ပါတယ်။ 
10 months Ago
More News
Up