ဂျိုးဘိုင်ဒင်

January 23, 2021

ထရမ့်၏လူဝင်မှု မူဝါဒအား ပြောင်းလဲမည့် ဂျိုးဘိုင်ဒင်ကို မက္ကဆီကို ထောက်ခံ

အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း တည်ဆောက်ရေး ရပ်တန့်တာအပါအဝင် သမ္မတဟောင်း ဒေါ်နယ်ထရမ့် ချမှတ်ခဲ့တဲ့ ပြင်းထန်တဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒအများအပြားကို ပြောင်းပြန်လှန်ပစ်မယ့် သမ္မတသစ် ဂျိုးဘိုင်ဒင်ရဲ့ ဆုံးဖြတ်ချက်ကို ဂုဏ်ပြုတယ်လို့ မက္ကဆီကို သမ္မတက ဇန်နဝါရီ ၂၂ ရက်မှာ ပြောဆိုပါတယ်။  အမေရိကန် သမ္မတသစ် ဘိုင်ဒင် ရာထူးလက်ခံပြီးနောက်ပိုင်း ပထမဆုံးဖုန်းခေါ်ဆိုမှုအဖြစ် မက္ကဆီကိုသမ္မတ လိုပက်ဇ်အော်ဘရေဒို နဲ့ လူဝင်မှု ကြီးကြပ်ရေး၊ ကပ်ရောဂါနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအကြောင်းတွေ ဆွေးနွေးခဲ့ပါတယ်။  ဇန်နဝါရီ ၂၂ ရက်က အမေရိကန်-မက္ကဆီကိုနယ်စပ် စီယူဒက်-ကွာရက်ဇ်က နယ်စပ် တံတိုင်းတည်ဆောက်ရေးဟာ လူသူကင်းမဲ့နေပါတယ်။   ချီဂွယ်ဂွါပြည်နယ် ရွှေ့ပြောင်းသူများအရေးညှိနှိုင်းရေးမှူးကလည်း "သမ္မတသစ် ဘိုင်ဒင်ရဲ့ ဆုံးဖြတ်ချက်က အရေးပါတဲ့ သတင်းစကားလို့ ပြောဆိုတာအပြင် ထရမ့်ရဲ့ နယ်စပ်တံတိုင်းက ရွှေ့ပြောင်းသူတွေနဲ့ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေ လာရောက်တာကို လျော့ကျမသွားစေဘူး" လို့ ထပ်လောင်းပြောဆိုပါတယ်။  အမေရိကန်သမ္မတသစ် ဘိုင်ဒင်ရဲက လူဝင်မှုကြီးကြပ်ရေးမူဝါဒ ပြုပြင်ပြောင်းလဲရေးမှာ မက္ကဆီကိုဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်
3 months Ago

January 21, 2021

ဂျိုးဘိုင်ဒင် သမ္မတရာထူးလက်ခံပြီးနောက် ပို့လန်းတွင် ဆန္ဒပြပွဲများဖြစ်ပေါ် 

ဂျိုးဘိုင်ဒင် အမေရိကန်သမ္မတ ရာထူးလက်ခံခဲ့ပြီးနောက်  အော်ရီဂွန်ပြည်နယ် ပို့လန်းမြို့မှာ ဆန္ဒပြပွဲတွေ လုပ်ခဲ့ပြီး အဆောက်အအုံတွေကို  ဖျက်ဆီးခံခဲ့ရပါတယ်။ 'J20' လို့ အမည်ပေးထားတဲ့  ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေက ဘိုင်ဒင်ကို မလိုချင်ဘူး။ လက်စားချေလိုတယ်ဆိုတဲ့ စာတန်းတွေကို ကိုင်ဆောင်ခဲ့ပါတယ်။   ရဲတပ်ဖွဲ့ရဲ့ ညှင်းပန်းနှိပ်စက်မှု၊ ရွှေ့ပြောင်းလာသူတွေရဲ့ မိသားစုဝင်တွေကို တကွဲတပြားထားမှုတွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး  အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်တပ်ဖွဲ့ကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။ ချီတက်ဆန္ဒပြပြီးနောက်မှာ ဆန္ဒပြသူတွေက အော်ရီဂွန်ပြည်နယ် ဒီမိုကရက်တစ်ပါတီ ရုံးခန်း မှန်ပြတင်းနဲ့ တံခါးကို ရိုက်ခွဲခဲ့ပါတယ်။ အဲဒီနောက် ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်ခဲ့ပြီ လူ တစ်ဦး အဖမ်းခံရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  
4 months Ago
More News
Up