ဂျာဂန်ကလော့ပ်

July 2, 2020

ချန်ပီယံ ထပ်ဖြစ်ရေး ကြိုးပမ်းရမည်ဟု လီဗာပူးနည်းပြပြော

လာမယ့်ရာသီမှာ ချန်ပီယံဆုကို ကာကွယ်မှာမဟုတ်ဘဲ နောက်ထပ် တစ်ကြိမ် ချန်ပီယံဖြစ်ဖို့ ကြိုးပမ်းရမယ်လို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်ကပြောလိုက်ပါတယ်။  လီဗာပူးအသင်းဟာ အခုနှစ်ရာသီမပြီးဆုံးခင်မှာပဲ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။  လာမယ့်ရာသီမှာ ချန်ပီယံဆုဖလားကို ကာကွယ်ရမှာဖြစ်ပေမယ့် အဲဒီလိုသဘောမထားဘဲ နောက်တစ်ကြိမ် ချန်ပီယံဖြစ်ဖို့ ထပ်ပြီးကြိုးပမ်းရမယ်လို့ နည်းပြကလော့ပ်ကပြောပါတယ်။  ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီး၊ မန်ယူနဲ့ ချဲလ်ဆီးအသင်းတွေဟာ လာမယ့်နှစ် ပိုကောင်းလာကြမှာဖြစ်သလို စပါး၊ အာဆင်နယ်၊ လက်စတာ စတဲ့အသင်းတွေဟာလည်း ရပ်တန့်နေကြမယ့်အသင်းတွေ မဟုတ်တာကြောင့် ချန်ပီယံဆုအတွက် အားလုံးမှာအခွင့်အရေးရှိနေတယ်လို့ ကလော့ပ်ကပြောပါတယ်။  ပြိုင်ဘက်အသင်းတွေထဲမှာ မန်စီးတီးအသင်းကတော့ ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်တယ်ဆိုတာ ထင်ရှားပြီး လာမယ့် ရာသီမှာ ပိုကောင်းအောင် ကြိုးပမ်းလိမ့်မယ်လို့ နည်းပြကလော့ပ်က သုံးသပ်ခဲ့ပါတယ်။ 
10 months Ago

June 1, 2020

ကစားသမားများ အားလပ်ရက်ရှည်မပေးဟု လီဗာပူးနည်းပြပြော

လက်ရှိအချိန်မှာ လေ့ကျင့်မူတွေက လာမယ့်နှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတရပ် ဖြစ်တယ်လို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ပြောပါတယ်။  လစ်ဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ကျန်ပွဲစဉ်တွေကစားဖို့အတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။  ပွဲကစားနိုင်လောက်တဲ့ ကြံ့ခိုင်မူမျိုးမရသေးပေမယ့် လာမယ့် ၃ ပတ်အတွင်းမှာ အဆင်သင့်ဖြစ်အောင် လေ့ကျင့်ပေးနေတယ်လို့ ကလော့ပ်ကပြောပါတယ်။  အသင်းသားတွေအနေနဲ့  အခုနှစ်ပြိုင်ပွဲတွေအပြီးမှာ အားလပ်ရှည်ရမှာမဟုတ်ဘဲ လာမယ့် ဘောလုံးရာသီအတွက်ပါ ပြင်ဆင်တာဖြစ်လို့ ဒီအချိန်က အရေးကြီးတဲ့ကာလဖြစ်တယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ဘောလုံးပွဲတွေ ရပ်နားခဲ့ရပေမယ့်လည်း လက်ရှိအချိန်မှာတော့ ပြန်လည်စတင်ဖို့အတွက် အကောင်းဆုံးအချိန်ရောက်ပြီလို့လည်း နည်းပြကလော့ပ်ကဆိုခဲ့ပါတယ်။  ပရီးမီးယားလိဂ်ပြိုင်ပွဲကို လာမယ့် ဇွန်လ ၁၇ ရက် ပြန်လည်စတင်မှာဖြစ်ပါတယ်။ 
11 months Ago
Up