ဂျိုကိုဗစ်

July 15, 2019

ဝင်ဘယ်လ်ဒန် သမိုင်းတလျှောက် အချိန်အကြာဆုံး ယှဉ်ပြိုင်ခဲ့ရပြီး ဂျိုကိုဗစ် ချန်ပီယံဘွဲ့ ကာကွယ်

ဝင်ဘယ်လ်ဒန်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ဆားဘီးယား တင်းနစ်ကစားသမား ဂျိုကိုဗစ်က  ဆွစ်ဇာလန်က ရော်ဂျာဖက်ဒရာကို အကြိတ်အနယ်ကစားပြီး လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲစဉ်ဟာ အကြိတ်အနယ်ရှိခဲ့ပြီး ၄ နာရီနဲ့ ၅၇ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့ရတာကြောင့် ဝင်ဘယ်လ်ဒန်အိုးပင်းပြိုင်ပွဲ သမိုင်းတလျှောက်မှာ အချိန်အကြာဆုံး ပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပွဲငယ်လေးပွဲမှာ နှစ်ဦးစလုံး ၂ ပွဲစီ အနိုင်ရခဲ့တာကြောင့် နောက်ဆုံးပွဲငယ်မှာ အကြိတ်အနယ်ရှိခဲ့ပြီး ၁၂-၁၂ စီ တူညီနေခဲ့ပေမယ့်လည်း နောက်ဆုံး အဆုံးအဖြတ်မှာ ဂျိုကိုဗစ်က အနိုင်ရခဲ့တာကြောင့် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့တာပါ။ အခုပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဂျိုကိုဗစ်ဟာ ဝင်ဘယ်ဒန်အိုးပင်းမှာ ၅ ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့ပြီး ဂရင်းစလင်းချန်ပီယံ ၁၆ ကြိမ်အထိ ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်ရှိ ရော်ဂျာဖက်ဒရာကတော့ အခုပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဝင်ဘယ်လ်ဒန်အိုးပင်းမှာ ၈ ကြိမ်ချန်ပီယံနဲ့ အများဆုံးအဖြစ် မှတ်တမ်းတင်ထားသလို ဂရင်းစလင်း ချန်ပီယံဆုဖလား အများဆုံးရယူနိုင်တဲ့ ကစားသမားအဖြစ် အကြိမ် ၂၀ နဲ့ ဆက်ပြီး ရပ်တည်နိုင်ခဲ့ပါတယ်။
2 years Ago

January 28, 2019

နာမည်ကြီး နဒါးလ်ကို ၃ ပွဲပြတ်နိုင်ပြီး ဂျိုကိုဗစ် သြစတြေးလျအိုးပင်းဖလား ဆွတ်ခူး

ဆားဘီးယား တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ စပိန်နာမည်ကြီး နဒါးလ်ကို ဗိုလ်လုပွဲမှာ ၆-၃၊ ၆-၂၊ ၆-၃ နဲ့ ၃ ပွဲပြတ် အနိုင်ရပြီး ၁၅ ကြိမ်မြောက် ဂရင်းစလင်း ဆုဖလားအဖြစ် သြစတြေးလျအိုးပင်း ဖလားကို ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ကမ္ဘာ့နံပါတ် ၁ ဂျိုကိုဗစ်ဟာ နဒါးလ်ကို အသာအယာကစားပြီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ နဒါးလ်ရဲ့ ပွဲအစပိုင်း အမှားတွေက ဂျိုကိုဗစ်အတွက် ချန်ပီယံဆု ရရှိစေခဲ့တာပါ။ နဒါးလ်အနေနဲ့ အခုပြိုင်ပွဲမှာ ပွဲစကတည်းက ပွဲစဉ်တလျှောက် ရာနှုန်းပြည့်နိုင်ပွဲနဲ့ ဗိုလ်လုပွဲ ရောက်လာခဲ့ပေမယ့် ဂျိုကိုဗစ်နဲ့ကတော့ အမှန်တကယ်ပဲ လက်ရည်ကွာခဲ့ပါတယ်။ ဂျိုကိုဗစ်ဟာ အားပါတိကျတဲ့ ရိုက်ချက်တွေနဲ့ နဒါးလ်ကို အလုပ်ရှုပ်စေခဲ့ပြီး သူ့ရဲ့လက်စွမ်းကောင်းကို အပြည့်အဝ ပြသနိုင်ခဲ့ပါတယ်။ ချန်ပီယံ ဂျိုကိုဗစ်ဟာ ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၃ သန်း ရရှိခဲ့ပြီး နဒါးလ်ကတော့ ၁ သန်းခွဲ ရရှိခဲ့ပါတယ်။ အမျိုးသမီးပြိုင်ပွဲမှာတော့ ဂျပန်နိုင်ငံသူ အိုဆာကာက ပြိုင်ဘက် ဗီတိုဗာကို ထိုက်ထိုက်တန်တန် အနိုင်ရပြီး ယူအက်စ်အိုးပင်းမှာလည်း ဗိုလ်စွဲခဲ့တာကြောင့် နှစ်ပွဲဆက် ချန်ပီယံဘွဲ့ ရရှိခဲ့ပါတယ်။
2 years Ago
More News
Up