ဂျီနိုအာ ၂ - ၃ ရိုးမား

May 3, 2016

ဂျီနိုအာ ၂ - ၃ ရိုးမား (ရုပ်သံဟိုက်လိုက်)

အီတလီစီးရီးအေ ၃၆ ပွဲစဉ်မှာ ရိုးမားအသင်းက ဂျီနိုအာအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ မေလ ၂ ရက်ညက ယှဉ်ပြိုင်တဲ့ ဒီပွဲ ပထမပိုင်း ၆ မိနစ်မှာ ရိုးမားအသင်းက အဖွင့်ဂိုး စသွင်းခဲ့ပေမယ့် ၃၁ မိနစ်မှာ ဂျီနိုအာအသင်းက ချေပသွားတဲ့အတွက် ပထမပိုင်းမှာ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ဒုတိယပိုင်း ၆၅ မိနစ်မှာတော့ ဂျီနိုအာက ဒုတိယဂိုးသွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၇၇ မိနစ်နဲ့ ၈၇ မိနစ်မှာ ရိုးမားက ၂ ဂိုး ဆက်တိုက်သွင်းယူပြီး အနိုင်ရရှိသွားပါတယ်။ ဒီပွဲမှာ ရိုးမားအသင်း ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက်ကန်သွင်းခွင့် အသာစီး ရယူနိုင်ခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့အတွက် ရိုးမားအသင်းဟာ ၃၆ ပွဲကစား ၇၄ မှတ်နဲ့ အမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည်နေပြီး ဂျီနိုအာက ရမှတ် ၄၃ မှတ်နဲ့ အဆင့် ၁၂ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up