ဂျာဂန်ကလော့ပ်

July 25, 2019

ကော်တင်ဟိုကို ပြန်ခေါ်လိုသော်လည်း ဘတ်ဂျက်မတတ်နိုင်ဟု လီဗာပူးနည်းပြ ပြော

ကော်တင်ဟိုကို ပြန်လည်ခေါ်ယူလိုပေမယ့် ဘတ်ဂျက်မတတ်နိုင်ဘူးလို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ဝန်ခံပြောကြားလိုက်ပါတယ်။ ဘရာဇီးကွင်းလယ်လူ ကော်တင်ဟိုဟာ လီဗာပူးအသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ၂၀၁၈ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းကို ပေါင် ၁၄၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ ပုံမှန်အားဖြင့် ကော်တင်ဟိုဟာ ကမ္ဘာပေါ်က ဘယ်အသင်းမှာမဆို  ခြေစွမ်းပြ ကစားနိုင်တယ်ဆိုတာ ရာနှုန်းပြည့် သေချာပေမယ့်လည်း သူ့အတွက် အလွန်များပြားတဲ့ ငွေကြေးအသုံးပြုနိုင်မှ ခေါ်ယူနိုင်မှာဖြစ်တယ်လို့ ကလော့ပ်က ပြောပါတယ်။ ကော်တင်ဟိုဟာ နှစ်သက်စရာကောင်းတဲ့ ကစားသမား ဖြစ်ပေမယ့်လည်း အခုနှစ် အပြောင်းအရွှေ့မှာတော့ ငွေကြေးအများကြီး အသုံးပြုမှာ မဟုတ်ဘူးလို့ ကလော့ပ်က ဆိုပါတယ်။ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းမှာ အဆင်မပြေ ဖြစ်နေပေမယ့် လာမယ့်ရာသီမှာ ခြေစွမ်းပြနိုင်ပါစေကြောင်းလည်း နည်းပြကလော့ပ်က ဆုတောင်းစကား ပြောကြားသွားပါတယ်။
2 years Ago

June 4, 2019

နည်းပြ ဂျာဂန်ကလော့ပ်ကို လုပ်ခတိုးပေးပြီး နှစ်ရှည်စာချုပ်ရန် လီဗာပူးကမ်းလှမ်း

လီဗာပူးအသင်းဟာ နည်းပြ ဂျာဂန်ကလော့ပ်ကို လုပ်ခတိုးပေးပြီး နှစ်ရှည်စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းတော့မယ်လို့ သိရပါတယ်။ ၁၄ နှစ်အတွင်း  ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဆုဖလား ရယူပေးနိုင်ခဲ့တဲ့ နည်းပြ ကလော့ပ်ကို အသင်းတာဝန်ရှိသူတွေက ကျေနပ်အားရနေပြီး နှစ်ရှည်စာချုပ်နဲ့ သက်တမ်းတိုးသွားဖို့ အလိုရှိနေတာပါ။ အသက် ၅၁ နှစ်အရွယ် ဂျာမန်နည်းပြ ဂျာဂန်ကလော့ပ်ဟာ လီဗာပူးအသင်းမှာ တနှစ်လုပ်ခ ပေါင် ၇ သန်း ရရှိနေသူဖြစ်ပြီး စာချုပ်သစ်အရ ပေါင် ၁၀ သန်းအထိ ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။ အသင်းဥက္ကဋ္ဌဖြစ်သူ တွမ်ဝါနာကတော့ ကလော့ပ်ဟာ ဘောလုံးကို ချစ်မြတ်နိုးသူတိုင်း နှစ်သက်ကြမယ့် နည်းပြကောင်းတဦးဖြစ်တယ်လို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ အပြီးမှာ ချီးကျူးပြောကြားခဲ့ပါတယ်။
2 years Ago
More News
Up