ဂျပန်နိုင်ငံမြောက်ပိုင်းတွင် အဆိုးရွားဆုံး နှင်းမုန်တိုင်းတခု ဖြတ်သန်းတိုက်ခတ်

March 2, 2016

ဂျပန်နိုင်ငံမြောက်ပိုင်းတွင် အဆိုးရွားဆုံး နှင်းမုန်တိုင်းတခု ဖြတ်သန်းတိုက်ခတ် (ရုပ်သံ)

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းကို လတ်တလောနှစ်တွေအတွင်း အဆိုးရွားဆုံး နှင်းမုန်တိုင်းတခု ဖြတ်သန်းတိုက်ခတ်နေတယ်လို့ ဂျပန် မိုးလေဝသအေဂျင်စီက မတ် ၁ ရက်နေ့မှာ ပြောပါတယ်။ မနက်ပိုင်းမှာ လေတိုက်နှုန်း ၁ နာရီကို မိုင် ၉၀ ထိ ရှိတယ်လို့ အေဂျင်စီက မှတ်တမ်းတင်ထားပါတယ်။ မတ် ၂ ရက် ဒီနေ့အစောပိုင်းမှာ နှင်းတွေ ၁၅ လက်မ ကျော်တဲ့အထိ ကျဆင်းမယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။ ဒေသခံတွေက နှင်းမုန်တိုင်းကို အံ့အားသင့်ခဲ့ပေမယ့် လေတွေ၊ နှင်းတွေကြားက ရုံးသွားမပျက်ခဲ့ကြပါဘူး။ နှင်းမုန်တိုင်းကြောင့် ကျွန်းပေါ်တလွှား လေကြောင်းခရီးစဉ် ၁၂၀ လောက်ကို ဖျက်သိမ်းခဲ့ရပါတယ်။ အိမ်ခြေ ၄၅၀၀ လောက်လည်း လျှပ်စစ်မီး ပြတ်တောက်ခဲ့တယ်လို့ မီဒီယာတွေက အစီရင်ခံထားပါတယ်။
5 years Ago
Up