ဂုတ်တွင်းလမ်း

June 17, 2020

ဂုတ်တွင်းလမ်းပိုင်းတွင် ခရီးသည်တင် Express ကားမှောက်  ၃ ဦးသေ၊ ၁၃ ဦးဒဏ်ရာရ 

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ မန္တလေး-လားရှိုးသွားကားလမ်း၊ ပြည်ထောင်စုလမ်းမကြီး၊ ဂုတ်တွင်းလမ်းပိုင်းမှာ ဒီနေ့မနက် ခရီးသည်တင် Express ကားတစ်စီး တိမ်းမှောက်ပြီး  ၃ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရသွားတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဇွန်လ ၁၇ ရက် မနက် ၃ နာရီခွဲလောက်က ဂုတ်တွင်းလမ်းပိုင်း၊ မိုင်တိုင်အမှတ်(၈၃/၈၄) အကြားမှာ Express ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်လို့ အောက်ကွေ့ကို ထိုးကျ တိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိလို့ နောင်ချိုမြို့နယ်မီးသတ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။  ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ စုစုပေါင်း ၁၆ ဦးအနက် အမျိုးသား ၂ ဦး အမျိုးသမီး ၁ ဦး  စုစုပေါင်း ၃ ဦးသေဆုံးပြီး  ထိခိုက်ဒဏ်ရာရှိသူ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၃ ဦးကို ဖြူစင်မေတ္တာပရဟိတအသင်း လူနာတင်ယာဉ်နဲ့ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ပုံ- FSD
11 months Ago

June 16, 2020

ဂုတ်တွင်းလမ်းပိုင်း တောင်ကျရေနှင့် ပါလာသည့်ရွှံ့များ တင်ကျန် (ဓာတ်ပုံ) 

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်းရှိ ကမ္ဘာကျော် ဂုတ်တွင်းလမ်းပိုင်းမှာ ဇွန် ၁၅ ရက်နေ့ မွန်းလွဲပိုင်းက မိုးဆက်တိုက်ရွာတွန်းမှုကြောင့် တောင်ကျရေနဲ့ ပါလာတဲ့ ရွှံ့တွေ တင်ကျန်နေကာ လမ်းကြောကျပ်တည်းမှု ဖြစ်ပေါ်နေပါတယ်။ ကားများ အလှည့်ကျ အဆင်းအတက် ပြုလုပ်နေပြီး မန္တလေး-လားရှိုးဘက်က တက်လာတဲ့ ကားကြီး၊ ငယ်တွေ အမှတ် ၇ ကွေ့လောက်မှစကာ တံတားထိပ်ထိ တန်းစီနေတာကို မျက်မြင်တွေ့ခဲ့ရပါတယ်။ ယာဉ်ထိန်းအဖွဲ့ဝင်တွေ လမ်းရှင်းပေးနေကြသလို (OHC) လမ်းလုပ်သားတွေလည်း ရွှံ့မြေတွေကို ဖယ်ရှားခဲ့ကြပါတယ်။ Photo - Thein Min Tun / MPA
11 months Ago
Up