ဂါရတ်ဘေးလ်

July 24, 2019

ဂါရတ်ဘေးလ်ကို ရောင်းမည့်အစီအစဉ် မပြောင်းလဲဟု ဇီဒန်း အတည်ပြု

တောင်ပံတိုက်စစ်မှူး အဆန်စီယိုရဲ့ဒဏ်ရာ ပြင်းထန်ပေမယ့်လည်း ဂါရတ်ဘေးလ်ကို ရောင်းချသွားမှာဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက အတည်ပြုသွားပါတယ်။ ရီးရဲလ်အသင်းဟာ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ နိုင်ငံတကာ ချန်ပီယံများဖလားပွဲစဉ်မှာ ၂ ဂိုး အရင်ပေးခဲ့ရပေမယ့် ချေပဂိုး ၂ ဂိုး ပြန်သွင်းနိုင်ခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ အသင်းကနေ ရောင်းချဖို့ ဆုံးဖြတ်ထားတဲ့ ဘေးလ်က ခြေစွမ်းပြခဲ့ပြီး ချေပဂိုးတဂိုး သွင်းယူပေးခဲ့ပါတယ်။ တဆက်တည်းမှာပဲ တောင်ပံတိုက်စစ်ကစားသမား အဆန်စီယိုဟာလည်း ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရခဲ့လို့ ရာသီကုန်အထိ အနားယူရဖို့ ရှိနေတာပါ။ ဒါပေမယ့် ဂါရတ်ဘေးလ်ကို ရောင်းချမယ့် အစီအစဉ်ကတော့ ပြောင်းလဲသွားမှာမဟုတ်ဘဲ မူလကတည်းက စီစဉ်ထားတဲ့အတိုင်း ရောင်းချဖို့ ဆက်ပြီး လုပ်ဆောင်မယ်လို့ ဇီဒန်းက ပြောလိုက်တာ ဖြစ်ပါတယ်။
2 years Ago

July 23, 2019

ဂါရတ်ဘေးလ်ကို ရောင်းချရန် ထိပ်တန်း ၄ သင်းကို ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံရ

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂါရတ်ဘေးလ်ကို ရောင်းချဖို့အတွက် ဥရောပ ထိပ်တန်းအသင်းလေးသင်းကို ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၃၀ ရှိ တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ရီးရဲလ်အသင်းက ရောင်းချသွားဖို့ ဆန္ဒရှိနေပြီး အသင်းနည်းပြ ဇီဒန်းကိုယ်တိုင်ကလည်း ဘေးလ်ကို ရောင်းချမယ်လို့ အတည်ပြုထားပါတယ်။ ရီးရဲလ်အသင်းဟာ ဘေးလ်ကို ရောင်းချနိုင်ဖို့အတွက် မန်ယူ၊ စပါး၊ အင်တာမီလန်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတွေကို ကမ်းလှမ်းခဲ့ပြီး ပယ်ချခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ဝေးလ်လက်ရွေးစင် ကစားသမားတဦးဖြစ်သူ ဘေးလ်ဟာ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး တပတ်လုပ်ခ ပေါင် ၃ သိန်းခွဲအထိ ရရှိနေသူဖြစ်ပါတယ်။ ဘေးလ်ကို တရုတ်ကလပ်အသင်းတွေကပဲ စိတ်ဝင်စားနေပြီး ဥရောပအသင်းတွေကတော့ သူ့ရဲ့ မြင့်မားတဲ့ လုပ်ခလစာကို ပေးချေဖို့ဆန္ဒ မရှိတာကြောင့် အဆင်မပြေ ဖြစ်နေပါတယ်။
2 years Ago
More News
Up