ဂါဘွန် FA ဥက္ကဋ္

April 12, 2020

ရည်မှန်းချက်ရှိသည့်အသင်းသို့ပြောင်းရန် အူဘာမီယန်းကို ဂါဘွန် FA ဥက္ကဋ္ဌတိုက်တွန်း 

တိုက်စစ်မှူး အူဘာမီယန်းအနေနဲ့ ရည်မှန်းချက် ပိုရှိတဲ့အသင်းဆီ ပြောင်းရွှေ့သင့်တယ်လို့ ဂါဘွန် အက်ဖ်အေဥက္ကဋ္ဌက တိုက်တွန်းလိုက်ပါတယ်။ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းဟာ အာဆင်နယ်အသင်းမှာ ၂၀၁၈ လိဂ်ဖလား ဒုတိယနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ ဒုတိယနေရာရခဲ့တာတွေက အမြင့်မားဆုံးအောင်မြင်မူဖြစ်ပါတယ်။  လာမယ့်လပိုင်းအတွင်းမှာ အသက် ၃၁ နှစ်ပြည့်တော့မယ့် အူဘာမီယန်းနဲ့ ပတ်သက်ပြီး ဂါဘွန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ  ပီယာ မောင်ဂွန်ဂူကတော့ အားမလိုအားမရဖြစ်နေပြီး ရည်မှန်းချက်ရှိပြီး ဆုဖလားရနိုင်မယ့်အသင်းဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းသွားခဲ့တာဖြစ်ပါတယ်။  “အာဆင်နယ်အသင်းကို ရည်မှန်းချက်မရှိတဲ့အသင်းလို့ မပြောချင်ပေမဲ့ ဥရောပပြိုင်ပွဲလို ထိပ်တန်းပြိုင်ပွဲတွေမှာ တခြားအသင်းတွေလို ရည်မှန်းချက် မြင့်မားခြင်းမရှိတာကြောင့် တခြားထိပ်တန်ကလပ်အသင်းတစ်သင်းကိုပြောင်းရွှေ့သင့်တယ်။” လို့ ဂါဘွန်ဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ မော်ဂမ်ဂူက ပြောပါတယ်။ အူဘာမီယန်းဟာ အာဆင်နယ်အသင်းအတွက် စုစုပေါင်း ၉၇ ပွဲမှာ ၆၁ ဂိုးအထိသွင်းယူထားပြီး အသင်းရဲ့ ဂိုးသွင်းနူန်း အများဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ 
1 year Ago
Up