ခြေစမ်းပွဲ

October 7, 2020

ယူကရိန်းနှင့် ခြေစမ်းပွဲအတွက် ပြင်သစ်အသင်း စတင်လေ့ကျင့်

ယူကရိန်းနဲ့ ခြေစမ်းပွဲအတွက် ပြင်သစ်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကို အောက်တိုဘာ ၆ ရက်နေ့က စတင်ခဲ့ပါတယ်။  ပြင်သစ်အသင်းဟာ  အောက်တိုဘာ ၈ ရက်မှာ ယူကရိန်းနဲ့ ခြေစမ်းကစားမှာ ဖြစ်ပြီး ပေါ်တူဂီ၊ ခရိုအေးရှားအသင်းတွေနဲ့ နေးရှင်းလိဂ်ပွဲစဉ်တွေ ဆက်ပြီးကစားရမှာပါ။ တိုက်စစ်မှူး အိုလီဗီယာဂျရူးအတွက် ယူကရိန်းနဲ့ပွဲက နိုင်ငံတကာပွဲ ၁၀၀ ပြည့်မြောက်မယ့်ပွဲ ဖြစ်လာနိုင်ပြီး ဂိုးသမားလိုရစ်၊ နည်းပြဒက်ချမ့်နဲ့ ဇီဒန်းတို့ရဲ့ စံချိန်တွေကို မီနိုင်မှာ ဖြစ်ပါတယ်။  လိုင်ယွန်ကွင်းလယ်လူ ဟော့ဆန်အာဝါးနဲ့ လိုင်လီဂိုးသမား မိုက်မိုင်ဂမ်တို့အတွက်တော့ ပြင်သစ်အသင်းအတွက် ပထမဆုံးပွဲစဉ်တွေ ဖြစ်လာဖို့ရှိပါတယ်။ ယူကရိန်းအသင်းမှာတော့ ရှက်တာဒိုးနက်အသင်းက ကစားသမားတွေက ဗိုင်းရပ်စ်ပိုး တွေ့ရှိထားလို့ သီးသန့်နေထိုင်နေရတဲ့အတွက် ပြင်သစ်နဲ့ ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ 
7 months Ago

October 6, 2020

တူရကီနှင့်ခြေစမ်းပွဲအတွက် ဂျာမနီအသင်း စတင်လေ့ကျင့် 

ဂျာမနီလက်ရွေးစင်ဘောလုံးအသင်းဟာ  တူရကီနဲ့ ခြေစမ်းပွဲအတွက် တနင်္လာနေ့က လေ့ကျင့်ပြင်ဆင်မှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။  အသင်းရဲ့ ပထမဆုံး လေ့ကျင့်ရေးအစီအစဉ်မှာ ဘိုင်ယန်မြူးနစ်နဲ့ လိုက်ဇစ် ကစားသမားတွေ ပါဝင်လာခြင်းမရှိသေးဘဲ နောက်ကျမှ ပူးပေါင်းနိုင်မှာ ဖြစ်ပါတယ်။ ဂျာမနီအသင်းဟာ အောက်တိုဘာ ၈ ရက်မှာ တူရကီနဲ့ ခြေစမ်းပွဲကစားရမှာဖြစ်ပြီး အဲဒီနောက် နေရှင်းလိဂ်ပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်သွားမှာပါ။ အောက်တိုဘာ ၁၁ ရက်မှာ ယူကရိန်းနဲ့ အဝေးကွင်းပွဲစဉ်ကစားရဖို့ ရှိသလို အောက်တိုဘာ ၁၄ ရက်မှာလည်း ဆွစ်ဇာလန်နဲ့ အိမ်ကွင်းမှာ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ 
7 months Ago
More News
Up