ချဲလ်ဆီးတိုက်စစ်မှူး

July 21, 2021

ချဲလ်ဆီးတိုက်စစ်မှူး အေဗရာဟမ်ကို ခေါ်ယူနိုင်ရန် အာဆင်နယ်အသင်း နီးစပ်

အာဆင်နယ်အသင်းဟာ မြို့ခံပြိုင်ဘက် ချဲလ်ဆီးတိုက်စစ်မှူး အေဗရာဟမ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ 

ချဲလ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်မရဖြစ်ခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးကို စပါးနဲ့ ဝက်စ်ဟမ်းအသင်းတွေကလည်း အာဆင်နယ်နဲ့ အပြိုင်ခေါ်ယူလိုနေတာပါ။ 

ချဲလ်ဆီးဘက်ကတော့ အေဗရာဟမ်အတွက် ပေါင်သန်း ၄၀ သတ်မှတ်ထားပြီး အာဆင်နယ်အသင်းက အငှားစာချုပ်နဲ့အတူ အပြီးသတ်ဝယ်ယူနိုင်ဖို့ ပိုမိုနီးစပ်လာတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။ 

ချဲလ်ဆီးအသင်းဟာ နည်းပြတူချယ်လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ရှိနေပြီး အေဗရာဟမ်အနေနဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီကို လေးစားအားကျခဲ့သူ ဖြစ်တာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ 

ချဲလ်ဆီးအသင်းဟာ အိုလီဗီယာ ဂျရူးကိုလည်း အေစီမီလန်ကို ရောင်းချထားပြီး အေဗရာဟမ်နေရာမှာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

2 weeks Ago
Up