ချဲလ်ဆီးကစားသမား ပတ်ဒရို

June 26, 2020

ချဲလ်ဆီးကစားသမား ပတ်ဒရို ရိုးမားအသင်းသို့ ရာသီအကုန် ပြောင်းမည်

ချဲလ်ဆီးတောင်ပံကစားသမား ပက်ဒရိုဟာ ရာသီအကုန်မှာ အီတလီကလပ် ရိုးမားအသင်းဆီ ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှုရခဲ့ပါတယ်။  ဘာစီလိုနာကစားသမားဟောင်း ပက်ဒရိုဟာ ချဲလ်ဆီးအသင်းနဲ့ ဇွန်လအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ ရာသီကုန်အထိ ကာလတိုစာချုပ် နဲ့ သက်တမ်းတိုးထားတာပါ။  အခုနှစ်ဘောလုံးရာသီပြီးဆုံးသွားချိန်မှာ အသင်းကနေ ထွက်ခွာပြီး  ရိုးမားအသင်းကို ပြောင်းရွှေ့ကစားမှာဖြစ်ပါတယ်။  အသက် ၃၂ နှစ်ရှိ စပိန်ကစားသမား ပက်ဒရိုဟာ ၂၀၁၅ ခုနှစ်ကတည်းက ဘာစီလိုနာအသင်းကနေ ပြောင်းရွှေ့လာခဲ့တာပါ။  ချဲလ်ဆီးနဲ့ ၅ နှစ်တာ ကာလအတွင်းမှာ စုစုပေါင်း ၂၀၁ ပွဲကစားထားပြီး ၄၃ ဂိုး သွင်းယူထားပါတယ်။ ပက်ဒရိုဟာ ချဲလ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ် ချန်ပီယံဆုဖလားတွေ ရယူနိုင်ခဲ့ပါတယ်။   ချဲလ်ဆီးအသင်းဟာ ပက်ဒရိုရဲ့နေရာမှာ အစားထိုးဖို့ အေဂျက်ဇ်က ဇီယက်ချ်ကို ခေါ်ယူထားသလို လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာကိုလည်း ခေါ်ယူထားပါတယ်။
11 months Ago
Up