ချေချင်းညာခေါင်းဆောင်

May 23, 2020

ချေချင်းညာခေါင်းဆောင် ကိုရိုနာရောဂါကြောင့် မော်စကိုဆေးရုံတွင် ဆေးကုသနေ

ရုရှားတောင်ပိုင်း ချေချင်းညာဒေသခေါင်းဆောင် ရမ်ဇန်ကာဒီရော့ဗ်ဟာ သံသယဖြစ်ဖွယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ မော်စကိုဆေးရုံမှာ ဆေးကုသနေတယ်လို့ ရုရှားသတင်းမီဒီယာတွေက ဖော်ပြပါတယ်။  အသက် ၄၃ နှစ်အရွယ် ချေချင်းညာခေါင်းဆောင် ကာဒီရော့ဗ်ရဲ့ အခြေအနေဟာ  တည်ငြိမ်တယ်လို့ အမည်မဖော်ပြတဲ့ ဆေးဘက်သတင်းရင်းမြစ်ကို ကိုးကားပြီး TASS  သတင်းအေဂျင်စီက ဖော်ပြပေမယ့် အသေးစိတ်ကိုတော မပြောကြားခဲ့ပါဘူး။ ကာဒီရော့ဗ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်အပါအဝင် ချေချင်းညာဒေသ တာဝန်ရှိသူတွေကတော့  ဒီသတင်းကို အတည်ပြုတာ၊ ငြင်းဆန်တာမျိုး   ပြောမထားပါဘူး။  ရုရှားသမ္မတ ပူတင်နဲ့ ရင်းနှီးတဲ့ မဟာမိတ်တဦးဖြစ်တဲ့ ကာဒီရော့ဗ်ဟာ ၂၀၀၇ ခုနှစ်မှာ ချေချင်းဒေသ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက် ချေချင်းညာဒေသမှာ ရုရှားစစ်တပ်နဲ့ ချေချင်းညာ ခွဲထွက်ရေးသမားတွေအကြား ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲကြီးနှစ်ခု ဖြစ်ခဲ့ပါတယ်။  ရုရှားအစိုးရက ကာဒီရော့ဗ်ဟာ မွတ်စလင်များတဲ့ မြောက်ပိုင်းဒေသက အစွန်းရောက် အစ္စလာမ်မစ် ပုန်ကန်မှုကို ထိန်းချုပ်နိုင်တယ်ဆိုပြီး ချီးကျူးထားပေမယ့် လူ့အခွင့်အရေး ထောက်ခံသူတွေကတော့ ကာဒီရော့ဗ်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်  ကြိုးကိုင်နေတယ်လို့ စွပ်စွဲထားပါတယ်။
12 months Ago
Up