ချီကာဂို

August 11, 2020

ချီကာဂိုတွင် ဆန္ဒပြသူများနှင့် ရဲများ ပဋိပက္ခဖြစ်၊ လူ ၁၀၀ ကျော် ဖမ်းဆီးခံရ

အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုမြို့မှာ သြဂုတ် ၁၀ ရက် အစောပိုင်းက လူတွေ အုပ်လိုက် ဆင်းလာကြပြီး စတိုးဆိုင်တွေကို လုယက်တာ၊ ပြတင်းမှန်တွေ ရိုက်ခွဲပြီး နာရီချီ ကြာအောင် အရာရှိတွေနဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။ ရဲတွေက လုယက်သူတွေကို သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ပြီး လူ ၁၀၀ ကျော်ကိုလည်း ဖမ်းဆီးလိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ ရာဇဝတ်သင့် လုပ်ရပ်သက်သက်ပဲလို့ ရဲမှူးကြီးက ပြောပါတယ်။ မေ ၂၅ ရက်က မီနီယာပိုလစ်မြို့က ရဲတွေ လက်ထဲမှာ လက်နက်မဲ့ လူမည်း အမျိုးသား ဂျော့ချ်ဖလွိုက်ဒ် သေဆုံးမှုကို တုံ့ပြန်ဖို့ အမေရိကန်နိုင်ငံတဝန်း ဆန္ဒပြနေခဲ့ကြတာပါ။ အရာရှိ ၁၃ ယောက်ထက်မနည်း ဒဏ်ရာရပြီး လုံခြုံရေးအစောင့်တယောက်နဲ့ အရပ်သားတယောက် ကျည်ဆန်ထိမှန်ခဲ့တယ်လို့ ရဲမှူးကြီး ဒေးဗစ်ဘရောင်းက ပြောပါတယ်။  ရဲတွေက ဒေသတွင်းမှာ အရာရှိ ၄၀၀ ကို စေလွှတ်ပြီး ကားတွေနဲ့ ထပ်ရောက်လာတဲ့ လူတွေက သူတို့ကို တွေ့ဆုံခဲ့ကြပါတယ်။ ချီကာဂိုမြို့လယ်ကို နှိမ်နင်းမယ့် အရာရှိတွေကို ခါတိုင်းလို တဆိုင်း ၈ နာရီနဲ့ မဟုတ်ဘဲ နားရက်ယူခွင့်လည်း ပယ်ဖျက်ထားပါတယ်။
9 months Ago

July 18, 2020

ချီကာဂိုရှိ ကိုဘံဘတ်စ်ရုပ်လှဲချရန် ကြိုးစားသည့် ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ ခရစ်စတိုဖာကိုလံဘတ်စ်ရုပ်တုကို လှဲချဖို့ ကြိုးစားတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ဇူလိုင်လ ၁၇ ရက်က  ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။   လူမည်းအရေးလှုပ်ရှားမှု ထောက်ခံတဲ့ဆန္ဒပြသူတွေဟာ ဂရန့်ပန်းခြံထဲက ကိုလံဘတ်စ် ရုပ်တုကို လှဲချဖို့ကြိုးစားခဲ့တာပါ။  ဒေသခံ မီဒီယာရဲ့အဆိုအရ ဆန္ဒပြသူတွေက ရဲတွေကို ပုလင်းတွေ၊ သံဘူးတွေနဲ့ ပစ်ပေါက်ခဲ့ တယ်လို့ သိရပါတယ်။  ချီကာဂို မီးသတ်ဌာနကလည်း အနည်းဆုံးလူ ၄ ဦးလောက် ဒဏ်ရာရခဲ့ပြီး ဆေးရုံပို့ထား ရတယ်လို့ ပြောပါတယ်။  ရိုက်တာသတင်းက ရတဲ့ဗွီဒီယိုထဲမှာ ဆန္ဒပြသူအချို့က ရုပ်တုနားရောက်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။  လူမှုမီဒီယာက ဗွီဒီယိုတခုမှာလည်း ဆန္ဒပြသူတွေက ရုပ်တုကို မီးရှူးမီးပန်းတွေ၊ အရာဝတ္ထု  တွေနဲ့ ရဲတွေကို ပစ်ပေါက်နေပြီး ရဲတွေကလည်း ငရုတ်ရည်ပက်ဖျန်းပြီး လူစုခွဲနေတာတွေ့ရ တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
10 months Ago
More News
Up