ချမ်းမြသာစည်မြို့နယ် လျှပ်စစ်ရုံး

September 26, 2021

ချမ်းမြသာစည်မြို့နယ် လျှပ်စစ်ရုံးတွင် ဗုံးပေါက်ကွဲ၊ ၂ ဦး ဒဏ်ရာရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၅၉ လမ်း၊ ၁၁၁ လမ်းနဲ့ ၁၁၂ လမ်းကြားရှိ မြို့နယ်လျှပ်စစ်ရုံးမှာ စက်တင်ဘာလ ၂၆ ရက် မနက် ၉ နာရီခွဲကျော်လောက်က  ဗုံးပေါက်ကွဲပြီး လျှပ်စစ်ဝန်ထမ်းတစ်ဦးနဲ့  မီတာခလာဆောင်သူ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ဆိုင်ကယ်နဲ့ ဗုံးလာပစ်သွားတယ်လို့ ပြောကြတယ်။ လျှပ်စစ်ဝန်ထမ်းက မျက်စိထိပြီး မီတာလာဆောင်သူက ခြေထောက်ထိတာတဲ့။ ဗုံးပေါက်ပေါက်ပြီးချင်း မကြာဘူး၊ စစ်ကားတွေနဲ့ အရပ်ဝတ်တွေ ရောက်လာတယ်” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်သူတွေဆီက အခွန်တွေရရှိဖို့ လုပ်ဆောင်နေပြီး အများပြည်သူတွေအနေနဲ့လည်း အာဏာသိမ်းစစ်ကောင်စီကို အခွန်မဆောင်ချင်တဲ့အတွက် အခွန်မဆောင်ရေး လှုပ်ရှားမှုတွေ လုပ်နေကြတာတွေ ရှိပါတယ်။

2 months Ago
Up