ချင်းမိုင်တွင် မြန်မာရွှေ့ပြောင်းလုပ်သား မိသားတစု အသတ်ခံရ

May 14, 2020

ကနီမြို့နယ်တွင် တောဆင်ရိုင်း ၁ ကောင် အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ၅၁ မိုင် လမ်းဘက်မှာ မေလ ၁၃ ရက်နေ့က တောဆင်ရိုင်းတစ်ကောင် အသတ်ခံခဲ့ရပါတယ်။ အသတ်ခံလိုက်ရတဲ့ ဆင်သေတစ်ကောင်ကို ဒေသခံတွေက တွေ့ရှိခဲ့တဲ့အတွက် သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာဖြစ်တယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။ "ကျနော့်ကို ဒေသခံတွေက ဖုန်းဆက်အကြောင်းကြားလာတယ်။ ဒါနဲ့ ကျနော်က သစ်တောကို အကြောင်းကြားလိုက်တာ။ ဓာတ်ပုံက ဒီမနက်ကမှရတာ။ ဆင်သေကို ကြည့်လိုက်တော့ အဆွယ်ချိုး ခံရတဲ့အနေထားရှိတယ်" သေဆုံးသွားတဲ့ ဆင်ဟာ အထီးဖြစ်ပြီး အလျား ၁၁ ပေနဲ့ အမြင့် ၉ ပေရှိတယ်သိရပြီး အသက် ၁၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အခုလို ဆင်ရိုင်းအသတ်ခံရတာနဲ့ပတ်သတ်ပြီး သစ်တောဦးစီးဌာနနဲ့ ရဲတပ်ဖွဲ့က စုံစမ်းနေတယ် သိရပါတယ်။ တောဆင်ရိုင်းတွေက အများအားဖြင့် အုပ်စုလိုက်သွားလာလေ့ရှိကြပြီး ဆင်မုဆိုးတွေရဲ့ရန်ကို ရှောင်တိမ်းရင်း လူတွေနေတဲ့ ကျေးရွာတွေဘက် မျက်စိလည်ရောက်လာလေ့ ရှိပါတယ်။ ကနီမြို့နယ်မှာ အရင်ကလည်း တောဆင်ရိုင်းအုပ်တွေ တောင်သူတွေစိုက်ပျိုးထားတဲ့ လယ်ခင်းတွေထဲ မကြာခဏဝင်ရောက်ဖူးတာတွေရှိခဲ့ပါတယ်။ သတင်း- ရန်နိုင်စိုး
12 months Ago

April 7, 2020

မိုင်းလားမှ ပြန်လာသည့် ရွှေ့ပြောင်းလုပ်သား ၂၇၀ ခန့်ကို Quarantine ထားပြီးစောင့်ကြည့်မည် 

ရှမ်းပြည်နယ်အရှေ့ပိုင်း ( အထူးဒေသ-၄) NDAA မိုင်းလား နယ်မြေထဲက အလုပ်သမား ၂၇၀ လောက်ဟာ မိုင်းယန်းမြို့အနီး ဝင်ရောက်လာတဲ့အတွက် သက်ဆိုင်ရာက ဟန့်တားပြီး ဆီလူးမြို့မှာ ၁၄ ရက် အသွားအလာကန့်သတ်စောင့်ကြည့် Ficility quarantine  လုပ်ထားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယန်းမြို့အနီးရာဘာခြံကို ဧပြီ ၄ ရက်နဲ့ ၅ ရက်နေ့က လူအင်အား ရာချီရောက်ရှိလာတာကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆမ်အပါအဝင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေနဲ့ တပ်နယ်တာဝန်ရှိသူတွေ မိုင်းယန်းမြို့ကို ဖြတ်သန်းဝင်ရောက်ခြင်းမပြုဖို့ သွားရောက်တားဆီးခဲ့တာပါ။ မိုင်းယန်းမြို့မစခန်းမှူး ဒုရဲမှူးကိုကိုဇော်က "NDAA အထူးဒေသ ၄ မိုင်းလား နယ်မြေထဲက ဖရဲခြံ၊ ငှက်ပျောခြံလုပ်နေတဲ့ အလုပ်သမားတွေလို့ သိရတယ်။ လောလောဆယ် တဦးချင်း စာရင်းကောက်ယူနေပါတယ်”လို့ ပြောပါတယ်။ မိုင်းယန်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တပ်နယ်မှူး၊ ဆရာဝန်ကြီးနဲ့ ရဲစခန်းမှူးတို့ ပါဝင်တဲ့ အဖွဲ့နဲ့ NDAA အထူးဒေသ ၄ မှ ဆက်ဆံရေးဌာနကြီးမှူး ဦးစိုင်းမောက် ဦးဆောင်တဲ့ အဖွဲ့တို့ ဧပြီလ ၆ ရက်မနက်မှာ တွေ့ဆုံဆွေးခဲ့ကြပြီး အလုပ်သမားတွေကို ဆီလူးမြို့မှာ ၁၄ ရက်ကြာ Ficility quarantine ဆောင်ရွက်ပြီးမှသာ နေရပ်ပြန်လည်စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လတ်တလောအခြေအနေအရ စာရင်းကောက်ယူမှုတွေ မပြီးပြတ်သေးတာကြောင့် ဧပြီ ၆ ရက်ညမှာ အလုပ်သမားတွေကို ရောက်ရှိနေတဲ့ရာဘာခြံအတွင်းမှာပဲ ညအိပ်စေပြီး ဧပြီလ ၇ ရက်မှာ ဆီလူးမြို့ကို ပို့ဆောင်ပေးသွားမယ်လို့ သိရတယ်။ သတင်း-အောင်ဇေယျ
1 year Ago
Up