ချန်ပီယံလိဒ်

April 23, 2015

ချန်ပီယံလိဒ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် ရလဒ်များ

ဒီနေ့ ဧပြီလ ၂၃ ရက်နေ့ မနက်က ကစားခဲ့တဲ့ ချန်ပီယံလိဒ် ကွာတားဖိုင်နယ် ဒုတိယ အကျော့ပွဲစဉ်တွေမှာတော့ ဂျူဗင်တပ်အသင်းနဲ့ မိုနာကိုအသင်းတို့ ဂိုး မရှိသရေကျခဲ့တာကြောင့် ဂျူဗင်တပ်အသင်းက နှစ်ပွဲပေါင်း ၁ ဂိုး ဂိုး မရှိနဲ့ အနိုင်ရပြီး ဆီးမီးဖိုင်နယ်ကို တက်သွားခဲ့ပါပြီ။ ရီးရဲမက်ဒရစ်နဲ့ အက်သလက်တီကို ပွဲမှာတော့ ရီးရဲလ် က ၁ ဂိုး ဂိုး မရှိနဲ့ နိုင်ပါတယ်။ ဟာနန်ဒက်စ် က ပွဲပြီးခါနီး ၈၈ မိနစ်မှာ ရီးရဲလ်အတွက် အနိုင်ဂိုးကို သွင်းပေးခဲ့တာပါ။ ပွဲချိန်ထောက်လျောက် ရီးရဲလ် က ဖိကစားနိုင်သလို ဂိုး သွင်းခွင့်လည်း အကြိမ်ကြိမ်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း သေချာပေါက်ဂိုးတွေကို အက်သက်လတီကို ဂိုးသမားက ဖျက်ထုတ်ကာကွယ်နိုင် ခဲ့ပါတယ်။ ၇၅ မိနစ် မှာ အက်သလက်တီကို ကစားသမားတဦး ဖျက်တာကြမ်းတာကြောင့် ၂ ၀ါ ၁ နီ နဲ့ အထုတ်ခံရပါတယ်။ ၈၈ မိနစ် မှာ ဂိုး စည်းအတွင်း ရော်နယ်ဒို ပေးတဲ့ ဘောလုံးကို ဟာနန်ဒက်စ် က ကန် သွင်းယူခဲ့တာပါ။ နှစ်ပွဲပေါင်းရလဒ် ၁ ဂိုး ဂိုး မရှိနဲ့ ရီးရဲလ် က အနိုင်ရပြီး ဆီးမီးဖိုင်နယ်ကို တက်သွားနိုင်ခဲ့ပါပြီ။
6 years Ago
Up