ချန်ပီယံလိဂ်ရှုံးထွက် ပထမအကျော့ ပီအက်စ်ဂျီ ၂ - ၁ ချဲလ်ဆီး

February 17, 2016

ချန်ပီယံလိဂ်ရှုံးထွက် ပထမအကျော့ ပီအက်စ်ဂျီ ၂ - ၁ ချဲလ်ဆီး (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၁၆ ရက် ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီက ချဲလ်ဆီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပီအက်စ်ဂျီက ပြီးခဲ့တဲ့တပတ် အမှတ်ပေးလိဂ် ပွဲစဉ်မှာ အနားပေးထားတဲ့ အဓိက ကစားသမားတွေ ပြန်ပါလာပြီး လူစုံထုတ် ယှဉ်ပြိုင်သွားပါတယ်။ ဦးဆောင်ဂိုးကို ၃၉ မိနစ်မှာ တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ဖရီးကစ်ကနေ တိုက်ရိုက် သွင်းယူပါတယ်။ ပီအက်စ်ဂျီက အိမ်ကွင်းမှာ ဘောလုံးကိုင် ကစားနိုင်ခဲ့ပြီး ထိုးဖောက်ကန်သွင်းခွင့် အကြိမ်ရေ ၂၀ အထိ ရခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ချေပဂိုးကို ထောင့်ကန်ဘောကနေတဆင့် မီခေးလ်က အနီးကပ် ပိတ်သွင်းပြီး ရယူသွားပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယ အနိုင်ဂိုးကို လူစားဝင်လာတဲ့ တိုက်စစ်မှူး ကာဗာနီက ၇၈ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲမှာ ခြေစွမ်းပြနိုင်တဲ့ တိုက်စစ်မှူး အီဗရာဟီမိုဗစ် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ ချဲလ်ဆီးနည်းပြသစ် ဟစ်ဒင့်အတွက်တော့ ပထမဆုံး ရှုံးပွဲ တွေ့သွားတာပါ။ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်ကိုတော့ ချဲလ်ဆီးက အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
5 years Ago
Up