ချက်တွင် ကျောက်မီးသွေးတွင်း

December 22, 2018

ချက်တွင် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် ၅ ဦးသေဆုံး၊ ၈ ဦးခန့် ပျောက်ဆုံးနေ

ချက်သမ္မတနိုင်ငံ အရှေ့ပိုင်း CSM ကျောက်မီးသွေးတွင်းမှာ ဒီဇင်ဘာ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် သတ္တုတွင်းလုပ်သား ၅ ယောက် သေဆုံးပြီး ၈ ယောက် ပျောက်ဆုံးနေတယ်လို့ သတ္တုတွင်းထုတ်လုပ်ရေးလုပ်ငန်း OKD က ပြောပါတယ်။ မြေအောက်လုပ်ကွက်နေရာတချို့ကို ထိခိုက်ပျက်စီးစေခဲ့တဲ့ ပေါက်ကွဲမှုမှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ အထဲကိုမြင်ရနိုင်စွမ်းက အားနည်းနေတယ်လို့ ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ချက်ရုပ်မြင်သံကြားမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံပိုင် OKD ကုမ္ပဏီအနေနဲ့ ပိုလန်နယ်စပ်အနီး ကာဗီနာဒေသမှာ ကျောက်မီးသွေး တူးဖော်လုပ်ကိုင်နေတာပါ။ ဒီဇင်ဘာ ၂၀ ရက်နေ့၊ ဒေသစံတော်ချိန် ညနေ ၅ နာရီလောက်မှာ မြေမျက်နှာပြင်အောက် အနက် ၈၀၀ မီတာ၊ ၈၇၅ ကိုက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ အိုင်ဗို ဆယ်လီချော်စကီက ပြောကြားခဲ့ပါတယ်။ “သေဆုံးသူ အရေအတွက်က ၅ ယောက်ရှိသွားပြီ။ ၈ ယောက်က ပျောက်နေတယ်။ ပိုလန်လုပ်သားအများစုပါဝင်တဲ့ နောက်ထပ်တွင်းလုပ်သား ၁၀ ယောက်လောက် ထိခိုက်ဒဏ်ရာရသွားတယ်”လို့ သူကပြောပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
2 years Ago
Up